• Follow Us on

Home မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးဘေးရှိ ဝင်/ထွက်ပေါက်ရှိ လုံခြုံရေးအဖွဲ့ဝင်များကို ပစ်ခတ်ခဲ့သည့် (၇) ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးဘေးရှိ ဝင်/ထွက်ပေါက်ရှိ လုံခြုံရေးအဖွဲ့ဝင်များကို ပစ်ခတ်ခဲ့သည့် (၇) ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၀ (People Media)

 

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃)လမ်းမကြီးဘေးရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝင်/ထွက်ပေါက်၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အဖွဲ့ဝင်များအား အမည် (စိစစ်ဆဲ) ကျား ၃ ဦး မောင်းနှင်လာသည့် Probox ယာဉ်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည့် တရားခံ ကျား (၇) ဦးကို  ဖမ်းဆီးရမိကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်လိုက်သည်။

 

ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦး၊ M 16 ၂ လက်၊ ကျည်အိမ် ၉ ခု၊ ၅.၅၆ ကျည် ၈၂၀ တောင့်၊ ပွိုင့် ၃၈၀ ကျည် ၅၀ တောင့်၊ ကျည်ခွံ ၃၄ တောင့်၊ ၉ မမကျည် ၇၅ တောင့်၊ လက်လုပ်ဗုံး ၃ လုံး၊ ဒီတိုနေတာ ၂၈ ချောင်း၊ ဒီတိုနေတာကြိုးခွေ ၄ ခွေ၊ ယမ်းပြင်း ၃ ကီလိုဂရမ်ခန့်၊ သံဘောစေ့ ၁၂ ဘူးပါ ၂၀ ကတ်၊ လမ်းလျှောက် စကားပြောစက် ၇ လုံး၊ icom အထိုင်စက် ၄ လုံး၊ ဆေးမျိုးစုံနှင့် ဖောက်ခွဲရေးနှင့် ဆက်စပ်ပစ္စည်းများအား  ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

တရားခံ သန်းနိုင်(ခ)ဘဲဥ (Fight For Freedom- FFF) အဖွဲ့၏ ထွက်ဆိုချက် အရ ဂျပန်နိုင်ငံတွင် မြန်မာထမင်းဆိုင် ဖွင့်လှစ်ရောင်းချနေသော ဖမ်းဆီးရန်ကျန် တရားခံ သန်းထိုက်စိုး(ခ)စိုးကြီးသည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG၊ CRPH တို့နှင့် ဆက်သွယ်၍ မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက် အဖွဲ့များအား ထောက်ပံ့ပေး လျက်ရှိကြောင်း၊ သန်းထိုက်စိုး(ခ)စိုးကြီး အနေဖြင့် NUG မှ လွင်ကိုလတ် ပြုလုပ်သော Zoom Meeting များတွင် တက်ရောက်၍  အကြမ်းဖက်အဖွဲ့များအား ငွေကြေး ထောက်ပံ့မှု အခြေအနေများအား ပြောကြားရကြောင်းနှင့် ၎င်းသည် FFF အဖွဲ့အပြင် အခြားအကြမ်းဖက် အဖွဲ့များအား လည်း ထောက်ပံ့ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

 

တရားခံ ဝေယံထက်နိုင်သည် မမေ(ခ) မိုးသူခိုင်(ခ)မေသက်ခိုင် ဖွဲ့စည်း ထားရှိသော MURM မှ ဖြစ်ပြီး တရားခံ လွင်မိုးမှာ ပဲခူး PDF အဖွဲ့မှ ဖြစ်ကာ ၎င်းသည် မိုးသီဟ နှင့်အတူ KNLA တပ်မဟာ ၁ နယ်မြေအတွင်း အကြမ်း ဖက်ဖောက်ခွဲရေး သင်တန်းအား တက်ရောက်ခဲ့ကြောင်းနှင့် တရားခံ မျိုးနိုင်သည် မမေ(ခ)မိုးသူခိုင် (ခ) မေသက်ခိုင်အား အောက်တိုဘာလအတွင်း မြောက်ဒဂုံမြို့နယ်၌ Safe House အဖြစ် လုံးချင်းတိုက်ခန်းအား ငှားရမ်းအသုံးပြုရန် ငွေကြေးများထောက်ပံ့ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

 

စက်တင်ဘာလကုန်ခန့်တွင် သန်းထိုက်စိုး(ခ)စိုးကြီး သည် မြဝတီမြို့နေ ဖမ်းဆီးရန်ကျန် တရားခံ ဂျပန် နှင့် ချိတ်ဆက်၍ တရားခံ သန်းနိုင်(ခ)ဘဲဉ ဦးဆောင် သည့် (FFF)အဖွဲ့အတွက် လက်နက်/ခဲယမ်းများအား ပို့ဆောင်ခဲ့ကြောင်းနှင့်  လက်နက်/ ခဲယမ်းများအား သယ်ယူရာတွင် အောက်စီဂျင်အိုးများအတွင်း သိုဝှက်ကာ သယ်ဆောင်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိ ကိုဗစ်-၁၉ ရောဂါအခြေအနေအရ ပြည်သူလူထုအနေဖြင့် အောက်စီဂျင်အိုးများ ပြတ်လပ်မှုမရှိစေရေး  ကျန်းမာရေး အထောက်အကူပြုပစ္စည်းအဖြစ် လုံခြုံရေးဖြေလျော့ပေးမှုအား အခွင့်ကောင်း ယူကာ အကြမ်းဖက် ပစ္စည်းများအား သယ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

FFF အဖွဲ့နှင့် MURM အဖွဲ့တို့ ပူးပေါင်း၍ အကြမ်းဖက်လုပ်ငန်းဆောင်ရွက် မှုအနေဖြင့် အောက်တိုဘာလ ၅ ရက်တွင် တရားခံ သန်းနိုင်(ခ)ဘဲဥ ၊ ပြည့်စုံအောင်(ခ) အသေးလေးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကိုရဲတို့မှ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့ရှိ လုံခြုံရေးအဖွဲ့များအား ပစ်ခတ်ရန် အခြေအနေကြည့်ရှုခဲ့ပြီး MURM အဖွဲ့မှ ကိုရဲ အပါ ၅ ဦးနှင့် FFF အဖွဲ့မှ သန်းနိုင်(ခ)ဘဲဥ၊ တင် ဇော်မြင့်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ရှမ်းလေး၊ ဝေယံထက်(ခ) သူရ တို့ ၄ ဦး ပေါင်း ၉ ဦး တို့ဖြင့် လုံခြုံရေးအဖွဲ့များအား ပစ်ခတ်ရန် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၇ ရက်တွင် MURM အဖွဲ့မှ ၂ ဦးသည် အခြေအနေစောင့်ကြည့်ခြင်းများ ပြုလုပ်ပြီး တရားခံ သန်းနိုင်(ခ)ဘဲဥ၊ တင်ဇော်မြင့်တို့ ၂ ဦးသည် Probox (အဖြူရောင်)ဖြင့် လည်းကောင်း၊ ဝေယံထက် (ခ)သူရ၊ ရှမ်းလေးနှင့် ကိုရဲ နှင့် စိစစ်ဆဲ အမျိုးသား ၂ ဦး တို့သည် Probox(ခဲရောင်)ဖြင့် လည်းကောင်း သွားရောက် ၍ Probox (ခဲရောင်)ပေါ်မှ M-16 သေနတ် ၂ လက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သန်းနိုင်(ခ)ဘဲဥမှ လက်နက်/ခဲယမ်းများအား  ပြန်လည်သိမ်းယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

အောက်တိုဘာလ ၂၈ ရက် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာနေ အပြစ်မဲ့ပြည်သူ  ဦးဖိုချိုအား MURM အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် နိုဝင်ဘာလ ၈ ရက်တွင် တရားခံ သန်းနိုင်(ခ)ဘဲဥသည် ဝေယံထက်(ခ) သူရထံတွင်ရှိသည့် ပစ္စတိုအား ဖမ်းဆီးရန်ကျန်တရားခံ ဖိုးကာ(ကမာရွတ် PDF ) ထံသို့ ငှားရမ်းပေးခဲ့ပြီး  သေ နတ်ငှားရမ်းခအဖြစ် ဖိုးကာမှ FFF အဖွဲ့အား ငွေ ၅ သိန်းကျပ် ပေးအပ်ခဲ့ ကြောင်း၊ နိုဝင်ဘာလ ၉ ရက်တွင် အဆိုပါ ပစ္စတိုဖြင့် ကမာရွတ်မြို့နယ်၊ (၅) ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ဒေါ်မြင့်မြင့်အေး (ခ)ဒေါ်ပြားကြီးအား ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်းနှင့်  နိုဝင်ဘာလ ၁၀ ရက်တွင် ပစ္စတိုအား ဝေယံထက်(ခ)သူရထံ ပြန်လည် ပေး အပ်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

 

အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 

#PeopleMedia


Share this post