• Follow Us on

Home မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမီးပွိုင့်ယာဉ်ကြောပိတ်ဆို့မှုလျော့ချရေးအတွက် လမ်းကြောင်း (၃) ကြောင်းခွဲ၍ ပြေးဆွဲသွားမည်

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမီးပွိုင့်ယာဉ်ကြောပိတ်ဆို့မှုလျော့ချရေးအတွက် လမ်းကြောင်း (၃) ကြောင်းခွဲ၍ ပြေးဆွဲသွားမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၃) လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမီးပွိုင့် ယာဉ်ကြောပိတ်ဆို့ ကြပ်တည်းမှုလျော့ချရေးအတွက် လမ်းကြောင်း (၃)ကြောင်းခွဲ၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြု လုပ်ခဲ့သည့် အမှတ်(၃) လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမီးပွိုင့် ယာဉ်ကြောပိတ်ဆို့ ကြပ်တည်းမှုလျော့ချရေး အစည်းအဝေးမှ သိရသည်။

 

အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အမှတ်(၃) လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမီးပွိုင့် ယာဉ်ကြောပိတ်ဆို့ ကြပ်တည်းမှုလျော့ချရေးအတွက် လမ်းကြောင်းသုံးကြောင်းခွဲ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဝေးပြေး ကုန်တင်ယာဉ်ကြီးများအနေဖြင့် အင်းစိန်-လှော်ကား အမှတ်(၄) လမ်းမမှ ရန်ကုန်-ပဲခူးလမ်းဟောင်းကို အသွားအပြန် သွားလာအသုံးပြုနိုင်မှာဖြစ်ပြီး၊ မန္တလေး-မြစ်ကြီးနားနှင့် အထက်မြန်မာပြည် ခရီးသည်တင် အဝေးပြေးယာဉ်များသည် အမှတ်(၃)လမ်းမှ ခရေပင်လမ်း၊ ပြည်လမ်း၊ ထောက်ကြန့်မှ အမြန်လမ်း အသုံးပြုပြီး သွားလာနိုင်ကြောင်းနှင့် ပုံမှန်သွားလာနေသည့် အဝေးပြေး ကုန် တင်ယာဉ်များနှင့် မော်လမြိုင်၊ ရေး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း ခရီးသည်တင်ယာဉ်များသည် အမှတ်(၃) လမ်းမ ရန်ကုန်-ပဲခူးလမ်းဟောင်းအတိုင်း အသွားအပြန် ဝင်ထွက်သွားလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

 

လမ်းကြောင်း သုံးကြောင်းခွဲ၍ ပြေးဆွဲမည့်အခြေအနေများကို ကြိုတင်အသိပညာပေး ဆွေးနွေးခြင်းများ၊ သတင်းထုတ်ပြန်ခြင်းများကို ကနဦးဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ထိုကာလကျော်လွန်ပါက စည်းကမ်းဖောက် ဖျက်သည့်ယာဉ်နှင့် ယာဉ်မောင်းများကို စိစစ်အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂိလ်က အများပိုင် သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော် မတီ၊ မြန်မာ့မီးရထား၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(လမ်းနှင့်တံတား)နှင့် ရန်ကုန်မြောက်ပိုင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများမှ တက်ရောက်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia #ယာဉ်ကြောပိတ်ဆို့ကြပ်တည်းမှုလျော့ချရေး

 

(unicode)


………………………………………………………………………….

 


 


 


 


 


 



Share this post