• Follow Us on

Home မဂၤလာဒုံၿမိဳ႕နယ္ မွန္ဘီလူးစက္႐ုံ၌ COVID-19 အတည္ျပဳ ဝန္ထမ္းမ်ားႏွင့္ စက္႐ုံရွိ ဝန္ထမ္းမ်ား အတူေနထိုင္ရ မႈေၾကာင့္ ထပ္မံကူးစက္ခံရမည္ကို စက္႐ုံဝန္ထမ္းမ်ား စိုးရိမ္

မဂၤလာဒုံၿမိဳ႕နယ္ မွန္ဘီလူးစက္႐ုံ၌ COVID-19 အတည္ျပဳ ဝန္ထမ္းမ်ားႏွင့္ စက္႐ုံရွိ ဝန္ထမ္းမ်ား အတူေနထိုင္ရ မႈေၾကာင့္ ထပ္မံကူးစက္ခံရမည္ကို စက္႐ုံဝန္ထမ္းမ်ား စိုးရိမ္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၄
 
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္ Myanmar Asia Optical (မွန္ဘီလူးစက္႐ုံ)၌ COVID-19 ေတြ႕ရွိ သည့္ ဝန္ထမ္းမ်ားႏွင့္ စက္႐ုံရွိ ဝန္ထမ္းမ်ား အတူေနထိုင္ရမႈေၾကာင့္ ထပ္မံကူးစက္ခံရမည္ကို စက္႐ုံဝန္ထမ္း မ်ား စိုးရိမ္လ်က္ရွိသည္။
 
အလုပ္သမား ၂ ေထာင္ေက်ာ္ ၃ ေထာင္နီးပါး စက္႐ုံအတြင္း Lock down ပိတ္မိေနၿပီး က်န္းမာေရးစစ္ေဆး မႈမ်ားမရရွိဘဲ Positive ျဖစ္ေနသူမ်ားႏွင့္အတူ ေနထိုင္ေနရေၾကာင္း မွန္ဘီလူးစက္႐ုံ၀န္ထမ္းမ်ားက People Media သို႔ ဆက္သြယ္ေျပာဆိုခဲ့သည္။
 
“စက္႐ုံက ၉ လပိုင္း ၇ ရက္ကစၿပီး Lock down ခ်ပိတ္ထားတယ္။ အခုအထဲမွာ လူ ၂ ေထာင္ေက်ာ္ ၃ ေထာင္နီးပါးက်န္ေသးတယ္။ အကုန္လုံးက ကူးစက္ေနၾကၿပီ။ ညီမတို႔ကို ေဆးစစ္ေပးတာေတြလဲမရွိဘူး။ အထဲမွာ Q ၀င္တဲ့သူဆိုလည္း အေယာက္ ႏွစ္ရာေက်ာ္ေလာက္ရွိတယ္။ အဲ့လူေတြနဲ႔လဲ အကုန္အိမ္သာေတြ အတူတူသုံးေနရတယ္။ အတူတူေနထိုင္ေနရတယ္။ P ေတြလဲအမ်ားႀကီးျဖစ္ေနၿပီ စက္႐ုံထဲမွာ။ P ေတြ႕လို႔ လည္း ေဆးခန္းမျပရ ေဆးခန္းမသြားရအထဲမွာပဲေနေနရတယ္” ဟု မွန္ဘီလူးစက္႐ုံ၀န္ထမ္းတစ္ဦးကေျပာ သည္။
 
၎မွန္ဘီလူးစက္႐ုံတြင္ ေအာက္တိုဘာ ၁၃ ရက္ ေရာဂါစစ္ေဆးမႈအရ ပိုးေတြ႕လူနာ ၂၄၀ ခန႔္ရွိၿပီး ထပ္မံ ေတြ႕ရွိမႈမရွိေၾကာင္းကိုလည္း မဂၤလာဒုံၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္လင္းကေျပာသည္။
 
“မေန႔ကထိေတြ႕တာက ၂၄၀ ေလာက္ပဲ။ ဒီေန႔ေတာ့ထပ္မေတြ႕ေသးဘူး အခုေလာေလာဆယ္ေတာ့ အဲ့စက္႐ုံကို ပိတ္ထားတယ္”ဟု မဂၤလာဒုံၿမိဳ႕နယ္အေထြေထြအတြင္းေရးမွဴး ဦးေဇာ္လင္းကေျပာသည္။
 
ထို႔အျပင္ စက္႐ုံအတြင္း ေနထိုင္စားေသာက္ေနရျခင္းႏွင့္ပတ္သက္ၿပီး အခက္အခဲမ်ားရွိေၾကာင္းကိုလည္း စက္႐ုံ၀န္ထမ္းတစ္ဦးကေျပာသည္။
 
“အခုစားတာကလည္း စက္႐ုံကေကၽြးတာစားေနရတယ္။ ေကၽြးတာကလည္း အခ်ိန္အကန႔္အသက္နဲ႔ဆိုေတာ့ အကုန္လုံးက လူစုလူေဝးေတြနဲ႔ ျဖစ္ေနတာ။ အစားအေသာက္က ခက္ခဲတယ္သူတို႔ေကၽြးတာစားေနရတာ။ ေကၽြးတာလည္း ေကာင္းေကာင္းကမ္းကမ္းမေကၽြးဘူး။ ေနထိုင္ရတာကလည္း တစ္ခန္းမွာ ဆယ္ေယာက္အ ထက္ေနရတယ္။ အေပၚကုတင္ ေအာက္ကုတင္ ၂ ေယာက္ေနရတယ္” ဟု ၎ကေျပာသည္။
 
မွန္ဘီလူးစက္႐ုံရွိ ၀န္ထမ္း ၂ ေထာင္ေက်ာ္ ၃ ေထာင္နီးပါးသည္ က်န္းမာေရးစစ္ေဆးမႈမ်ားကိုပဲ လိုခ်င္ ေၾကာင္းႏွင့္ ပိတ္မိေနသည့္ စက္႐ုံ၀န္ထမ္းမ်ားမွာ အားလုံးနီးပါး ကူးစက္ခံရမည္ကို ဝန္ထမ္းမ်ားက စိုးရိမ္လ် က္ရွိသည္။
 
၎မွန္ဘီလူးစက္႐ုံသည္ တ႐ုတ္လူမ်ိဳးအပိုင္ျဖစ္ၿပီး ကား၊ ဖုန္း၊ ကင္မရာမ်ားမွာ အသုံးျပဳသည့္ မွန္ဘီလူးမ်ား ထုတ္လုပ္ေၾကာင္းသိရသည္။
 
#PeopeMedia #အလုပ္သမားအေရး #COVID-19
 
(unicode)
မင်္ဂလာဒုံမြို့နယ် မှန်ဘီလူးစက်ရုံ၌ COVID-19 အတည်ပြု ဝန်ထမ်းများနှင့် စက်ရုံရှိ ဝန်ထမ်းများ အတူနေထိုင်ရ မှုကြောင့် ထပ်မံကူးစက်ခံရမည်ကို စက်ရုံဝန်ထမ်းများ စိုးရိမ်
…………………………………………..
 
ရန်ကုန်၊ အောက်တိုဘာ ၁၄
 
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် Myanmar Asia Optical (မှန်ဘီလူးစက်ရုံ)၌ COVID-19 တွေ့ရှိ သည့် ဝန်ထမ်းများနှင့် စက်ရုံရှိ ဝန်ထမ်းများ အတူနေထိုင်ရမှုကြောင့် ထပ်မံကူးစက်ခံရမည်ကို စက်ရုံဝန်ထမ်း များ စိုးရိမ်လျက်ရှိသည်။
 
အလုပ်သမား ၂ ထောင်ကျော် ၃ ထောင်နီးပါး စက်ရုံအတွင်း Lock down ပိတ်မိနေပြီး ကျန်းမာရေးစစ်ဆေး မှုများမရရှိဘဲ Positive ဖြစ်နေသူများနှင့်အတူ နေထိုင်နေရကြောင်း မှန်ဘီလူးစက်ရုံဝန်ထမ်းများက People Media သို့ ဆက်သွယ်ပြောဆိုခဲ့သည်။
 
“စက်ရုံက ၉ လပိုင်း ၇ ရက်ကစပြီး Lock down ချပိတ်ထားတယ်။ အခုအထဲမှာ လူ ၂ ထောင်ကျော် ၃ ထောင်နီးပါးကျန်သေးတယ်။ အကုန်လုံးက ကူးစက်နေကြပြီ။ ညီမတို့ကို ဆေးစစ်ပေးတာတွေလဲမရှိဘူး။ အထဲမှာ Q ဝင်တဲ့သူဆိုလည်း အယောက် နှစ်ရာကျော်လောက်ရှိတယ်။ အဲ့လူတွေနဲ့လဲ အကုန်အိမ်သာတွေ အတူတူသုံးနေရတယ်။ အတူတူနေထိုင်နေရတယ်။ P တွေလဲအများကြီးဖြစ်နေပြီ စက်ရုံထဲမှာ။ P တွေ့လို့ လည်း ဆေးခန်းမပြရ ဆေးခန်းမသွားရအထဲမှာပဲနေနေရတယ်” ဟု မှန်ဘီလူးစက်ရုံဝန်ထမ်းတစ်ဦးကပြော သည်။
 
၎င်းမှန်ဘီလူးစက်ရုံတွင် အောက်တိုဘာ ၁၃ ရက် ရောဂါစစ်ဆေးမှုအရ ပိုးတွေ့လူနာ ၂၄၀ ခန့်ရှိပြီး ထပ်မံ တွေ့ရှိမှုမရှိကြောင်းကိုလည်း မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်းကပြောသည်။
 
“မနေ့ကထိတွေ့တာက ၂၄၀ လောက်ပဲ။ ဒီနေ့တော့ထပ်မတွေ့သေးဘူး အခုလောလောဆယ်တော့ အဲ့စက်ရုံကို ပိတ်ထားတယ်”ဟု မင်္ဂလာဒုံမြို့နယ်အထွေထွေအတွင်းရေးမှူး ဦးဇော်လင်းကပြောသည်။
 
ထို့အပြင် စက်ရုံအတွင်း နေထိုင်စားသောက်နေရခြင်းနှင့်ပတ်သက်ပြီး အခက်အခဲများရှိကြောင်းကိုလည်း စက်ရုံဝန်ထမ်းတစ်ဦးကပြောသည်။
 
“အခုစားတာကလည်း စက်ရုံကကျွေးတာစားနေရတယ်။ ကျွေးတာကလည်း အချိန်အကန့်အသက်နဲ့ဆိုတော့ အကုန်လုံးက လူစုလူဝေးတွေနဲ့ ဖြစ်နေတာ။ အစားအသောက်က ခက်ခဲတယ်သူတို့ကျွေးတာစားနေရတာ။ ကျွေးတာလည်း ကောင်းကောင်းကမ်းကမ်းမကျွေးဘူး။ နေထိုင်ရတာကလည်း တစ်ခန်းမှာ ဆယ်ယောက်အ ထက်နေရတယ်။ အပေါ်ကုတင် အောက်ကုတင် ၂ ယောက်နေရတယ်” ဟု ၎င်းကပြောသည်။
 
မှန်ဘီလူးစက်ရုံရှိ ဝန်ထမ်း ၂ ထောင်ကျော် ၃ ထောင်နီးပါးသည် ကျန်းမာရေးစစ်ဆေးမှုများကိုပဲ လိုချင် ကြောင်းနှင့် ပိတ်မိနေသည့် စက်ရုံဝန်ထမ်းများမှာ အားလုံးနီးပါး ကူးစက်ခံရမည်ကို ဝန်ထမ်းများက စိုးရိမ်လျ က်ရှိသည်။
 
၎င်းမှန်ဘီလူးစက်ရုံသည် တရုတ်လူမျိုးအပိုင်ဖြစ်ပြီး ကား၊ ဖုန်း၊ ကင်မရာများမှာ အသုံးပြုသည့် မှန်ဘီလူးများ ထုတ်လုပ်ကြောင်းသိရသည်။
 
#PeopeMedia #အလုပ်သမားအရေး #COVID-19

Share this post