• Follow Us on

Home မင်္ဂလာဒုံမြို့၊ ခရေပင်လမ်းတွင်တွဲကားပေါ်တွင် တင်ဆောင်လာသည့် သံပြားလိပ် အိမ်စီးကားပေါ် ပြုတ်ကျရာ အိမ်စီးကားပေါ်၌ လိုက်ပါလာသူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိ

မင်္ဂလာဒုံမြို့၊ ခရေပင်လမ်းတွင်တွဲကားပေါ်တွင် တင်ဆောင်လာသည့် သံပြားလိပ် အိမ်စီးကားပေါ် ပြုတ်ကျရာ အိမ်စီးကားပေါ်၌ လိုက်ပါလာသူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၈ (People Media)

 

ဒီဇင်ဘာ ၁၇ ရက်၊ ညနေ ၅ နာရီအချိန်က၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း ၆၄၆ မှတ်တိုင်ကွေ့၊ တွဲကားပေါ်တွင် တင်ဆောင်လာသည့် သံပြားလိပ် ကြိုးပျက်၍ အိမ်ကားတစ်စီးကားပေါ်သို့ ပြုတ်ကျရာ အိမ်စီးကားပေါ်၌ လိုက်ပါလာသူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနောင် နာရေး/ရှင်ရေး ကူညီရေးအသင်း(အင်းစိန်) တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

“တွဲကားပေါ်မှာ သံပြားလိပ်တွေ တင်ထားတာ။ အဲ့က ကြိုးပျက်ကျပြီး တရုတ်လူမျိုးမောင်းတဲ့ အိမ်စီးကားပေါ် ပြုတ်ကျတာ။ အိမ်စီးကားပေါ်မှာတော့ လူက ခြောက်ယောက်ပါတယ်။ ဒဏ်ရာကတော့ သုံးယောက်ပဲရတယ်။ သေတာတော့ မရှိဘူး။ ခြေထောက်မှာတော့ ဒဏ်ရာကတော့ တော်တော်ပြင်းတယ်” လို့ ကနောင်နာရေး/ ရှင်ရေးကူညီရေးအသင်း(အင်းစိန်)ဥက္ကဋ္ဌ ဦးသူရှိန်ထွန်းက ပြောသည်။

 

ဖြစ်စဉ်မှာ ခရေပင်လမ်း ၆၄၆ မှတ်တိုင်ကွေ့တွင် သံပြားလိပ်များ တင်ဆောင်လာသည့် တွဲကားသည် ခရေ ပင်လမ်းဆုံဘက်မှ ဒညင်းကုန်းလမ်းဆုံးဘက်ကို ဦးတည်မောင်းနှင်လာစဉ် သံပြားလိပ်များကို ချီထားသည့် ကြိုးပျက်ကျ၍ တဖက်ယာဉ်ကြောရှိ အိမ်စီးကားပေါ် ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

 

သံပြားလိပ် ပိမိသည့် အိမ်စီးကားပေါ်တွင် လူ(၆)ဦး စီးနင်းလိုက်ပါလာသော်လည်း ယာဉ်မောင်း အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး စုစုပေါင်း (၃) ဦးသာ ထိခိုက်ဒဏ်ရာရှိပြီး၊ အဆိုပါ ဒဏ်ရာရရှိသူများကို ကနောင်အ သင်းနှင့် ရွှေပြည်သာလူမှုကူညီရေးအသင်းတို့ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

#PeopleMedia #ကနောင်နာရေး/ရှင်ရေးကူညီရေးအသင်း

 

(unicode)


………………………………………………………..

 


 


 


 


 


 



Share this post