• Follow Us on

Home မင်းကင်းမြို့နယ်၊ တောင်ဖြူရွာနှင့် ပန်းဆက်ရွာကို မင်းကင်း PDF အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ကျေးရွာသားများ ခုခံမှုကြောင့် PDF အဖွဲ့ဝင် (၆၀) ခန့် အဖမ်းခံခဲ့ရ၊ အဆိုပါတိုက်ပွဲ၌ PDF အဖွဲ့ဝင်များ အများအပြား အဖမ်းခံခဲ့ရကြောင်း မင်းကင်း PDF ထုတ်ပြန်

မင်းကင်းမြို့နယ်၊ တောင်ဖြူရွာနှင့် ပန်းဆက်ရွာကို မင်းကင်း PDF အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ကျေးရွာသားများ ခုခံမှုကြောင့် PDF အဖွဲ့ဝင် (၆၀) ခန့် အဖမ်းခံခဲ့ရ၊ အဆိုပါတိုက်ပွဲ၌ PDF အဖွဲ့ဝင်များ အများအပြား အဖမ်းခံခဲ့ရကြောင်း မင်းကင်း PDF ထုတ်ပြန်

Share this post

မန္တလေး၊ ဇူလိုင် – ၂၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ရှိ တောင်ဖြူရွာနှင့် ပန်းဆက်ရွာကို မင်းကင်း PDF အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ကျေးရွာသားများ ခုခံမှုကြောင့် PDF အဖွဲ့ဝင် (၆၀) ခန့် အဖမ်းခံခဲ့ရပါတယ်။

 

ဖြစ်စဉ်မှာ ဇူလိုင်လ (၂၇) ရက်နေ့ နံနက်ပိုင်းအချိန်၌ မင်းကင်း PDF အဖွဲ့များက တောင်ဖြူရွာနှင့် ပန်းဆက်ရွာ ကို လူစုခွဲပြီး ဝင်ရောက်တိုက်ခိုက်ရာ အဆိုပါကျေးရွာနေထိုင်သူများက ပြန်လည်ခုခံပစ်ခတ်မှုကြောင့် မင်းကင်း PDF အဖွဲ့ဝင် (၆၀) ခန့် ဖမ်းဆီးခံလိုက်ရပါတယ်။

 

အဆိုပါ ကျေးရွာနှစ်ရွာကို မင်းကင်း PDF အဖွဲ့များ ဝင်ရောက်တိုက်ခိုက်ချိန်၌ ကျေးရွာနေပြည်သူများက လုံခြုံရေးအဖွဲ့ဝင်များထံ ဆက်သွယ်အကြောင်းကြားပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များ အချိန်မှီ ရောက်ရှိ လာခဲ့ကြောင်း သိရပါတယ်။

 

ထိုကဲ့သို့ မင်းကင်း PDF အဖွဲ့များ ဖမ်းဆီးခံရမှုအပေါ် မင်းကင်း PDF က “ပန်းဆက်ရွာကို အင်အားအများ အပြားနဲ့ ဝိုင်းပြီး ရွာသိမ်းနိုင်ဖို့အထိ ရောက်ခဲ့သော်လည်း မမျှော်လင့်ဘဲ တောင်ဖြူရွာတိုက်ပွဲမှာ PDF အများ အပြား အဖမ်းခံလိုက်ရတယ်” လို့ ထုတ်ပြန်ထားပါတယ်။

 

အဆိုပါတိုက်ပွဲ၌ ကျေးရွာသားများဘက်မှ (၁) ဦး သေဆုံးပြီး၊ (၃) ဦး ဒဏ်ရာရရှိခဲ့သလို မင်းကင်း PDF အဖွဲ့ များက သေဆုံးမှုများလည်း ရှိခဲ့ပါတယ်။

 

#PeopleMedia #မင်းကင်းPDF

(unicode)


………………………………………………………..

 

မန်တလေး၊ ဇူလိုငျ – ၂၉ (People Media)

 


 


 


 


 


 



Share this post