• Follow Us on

Home မင်းကင်းမြို့နယ်၊ ကြွေကျေးရွာ၊ တိုက်နယ်ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသည့် အထက်တန်းသူနာပြု ဆရာမ ကြီးအပါအဝင် ပြည်သူလေးဦးကို အကြမ်းဖက်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်

မင်းကင်းမြို့နယ်၊ ကြွေကျေးရွာ၊ တိုက်နယ်ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသည့် အထက်တန်းသူနာပြု ဆရာမ ကြီးအပါအဝင် ပြည်သူလေးဦးကို အကြမ်းဖက်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်

Share this post

မင်းကင်း၊ မတ် ၁၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကြွေကျေးရွာ၊ တိုက်နယ်ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသည့် အ ထက်တန်းသူနာပြု ဆရာမကြီးအပါအဝင် ပြည်သူလေးဦးကို အကြမ်းဖက်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

ဖြစ်စဉ်မှာ မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက်သမား ၆၀ ကျော်သည် လက်နက်၊ ဓါးများ ကိုင် ဆောင်ပြီး ကြွေကျေးရွာရှိ တိုက်နယ်ဆေးရုံကို ဝိုင်းလိုက်ပြီးနောက် သူနာပြု ဆရာမကြီး ဒေါ်မကေ၊ ဦးနိုင်လင်း ထွန်း၊ ဦးသက်နိုင်ဦး၊ ဦးတိုးတို့ကို သတ်ဖြတ်သွားသည်။

 

အဆိုပါ တိုက်နယ်ဆေးရုံ၌ တာဝန်ကျ ဆရာဝန်များသည် PDF အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် တာဝန်ထမ်း ဆောင်ခြင်း မရှိခြင်းကြောင့် သူနာပြုဆရာမကြီး ဒေါ်မကေ ပြည်သူများ၏ ကျန်းမာရေးအပေါ် ဆေးဝါးကုသ ပေးနေခြင်း ဖြစ်သည်။

 

လက်ရှိအချိန်၌ အကြမ်းဖက်သမားများသည် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးအပါအဝင် နိုင်ငံ့ဝန်ထမ်များ သံဃာတော်များကို လုပ်ကြံသတ်ဖြတ်လျက်ရှိသည်။

 

#PeopleMedia #မင်းကင်းမြို့

 

(unicode)


…………………………………..

 


 


 


 


 


 



Share this post