• Follow Us on

Home မင်းကင်းမြို့နယ်၌ လှုပ်ရှားနေသည့် MDF Special Forces နှင့် မင်းကင်းမြစ်ရိုးအောက် PDF အဖွဲ့၏ စခန်းများ ရှင်းလင်းခံခဲ့

မင်းကင်းမြို့နယ်၌ လှုပ်ရှားနေသည့် MDF Special Forces နှင့် မင်းကင်းမြစ်ရိုးအောက် PDF အဖွဲ့၏ စခန်းများ ရှင်းလင်းခံခဲ့

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ အခြေပြုလှုပ်ရှားလျက်ရှိသည် MDF Special Forces နှင့် မင်းကင်း မြစ်ရိုးအောက် PDF တပ်ခွဲများ၏ စခန်းများသည် ရှင်းလင်းခံခဲ့ရကြောင်း အဆိုပါ PDF အဖွဲ့များ၏ ထုတ်ပြန် ချက်အရ သိရသည်။

 

MDF Special Forces နှင့် မင်းကင်းမြစ်ရိုးအောက် PDF တပ်ခွဲ-1 နှင့် တပ်ခွဲ -2 တို့ ၏ စခန်းကို လုံခြုံရေး အဖွဲ့များက သွားရောက်ရှင်းလင်းခဲ့ပြီး နှစ်ဘက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါ PDF အဖွဲ့များသည် လုံခြုံရေးအဖွဲ့များ၏ ရေလမ်း၊ ကုန်းလမ်းအသုံးပြုမှုကို ခြိမ်းခြောက်နိုင်ဆဲဖြစ်သည့် PDF အဖွဲ့အစည်းဖြစ်သည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် PDF အဖွဲ့များ အားကောင်းသည့် တိုင်းဒေသကြီးဖြစ်သလို စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ ကျေးရွာအချို့၌ စစ်ဘေးကြောင့် ဒေသခံများ၏ အိုးအိမ်များ ပျက်စီးမှု ဖြစ်ပေါ်လျက်ရှိသည်။

 

Photo – MDF (Myanmar Defense Force)

 

#PeopleMedia #မင်းကင်းမြို့

 

(unicode)


………………………………………………………..

 


 


 


 


 


 

Photo – MDF (Myanmar Defense Force)

 



Share this post