• Follow Us on

Home မင်းကင်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး ၂ ဦး ပါအဝင် ကျား/မ ၆ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

မင်းကင်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး ၂ ဦး ပါအဝင် ကျား/မ ၆ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

Share this post

မင်းကင်း၊ ဇန်နဝါရီ ၂၀ (People Media)

 

ဇန်နဝါရီ ၁၉ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မအူးကုန်းမြောက်ရွာအတွင်းသို့ တူမီးကိုင်ဆောင်သည့် လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ပြီး ရွာသား ကျား/မ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး နောက် လယ်ကွင်းထဲ၌ သတ်ဖြတ်ခဲ့သည်။

 

ဖမ်းဆီးခံရသူများမှာ ဦးရာအေး အသက် ၄၇ နှစ် (ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး)၊ ဒေါ်ဌေးဌေးဝင်း အသက် ၄၅ နှစ် (ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး)၊ ဦးကျော်စံဝင်း အသက် ၄၇ နှစ်၊ ဒေါ်ကြည်ကြည်ဝင်း အသက် ၃၅ နှစ်၊ ဦးကျော်နိုင် ဦး အသက် ၃၇ နှစ်နှင့် ဦးစိုးလင်း ခေါ် တောကျီး အသက် ၄၂ နှစ်တို့ဖြစ်သည်။

 

တူမီးကိုင်ဆောင်သည့်အဖွဲ့သည် အဆိုပါ ကျေးရွာနေ ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီးနောက် ရွာအနောက်ဘက်ရှိ လမ်းကွင်းထဲ၌ သေနတ်ဖြင့် ပစ်သတ်ခဲ့သလို ဓါးဖြင့်ထိုးသွင်းမှုများ ပြုလုပ်ခဲ့သည်။

 

ဖြစ်စဉ်အတွင်း၌ လူ ၆ ယောက်အနက် လူ ၅ ဦးသည် နေရာ၌ သေဆုံးခဲ့ပြီး ဦးစိုးလင်း ခေါ် တောကျီးဆိုသူ သည် လည်ပင်းပြတ်ရှဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာ တချို့ရရှိခဲ့သည်။ လက်ရှိအချိန်၌ ဦးစိုးလင်း ခေါ် တောကျီး သည် ဆေးဝါးကုသမှု ခံယူနေရသော်လည်း အသက်အန္တရာယ် စိုးရိမ်ရအခြေအနေ၌ ရှိနေသည်။

 

အထက်ပါ ၅ လောင်းပြိုင် လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မင်းကင်းမြို့မရဲစခန်း (ပ) ၉ / ၂၀၂၂ ရာဇာ သတ်ကြီး ပုဒ်မ ၃၀၂ / ၃၂၆ / ၁၁၄ အရ အမှုရေးဖွင့်ထားကြောင်း သိရသည်။

 

သွန်းသွန်း

 

#PeopleMedia #မင်းကင်းမြို့ #USDP

 

(unicode)


……………………………………………………

 


 


 


 


 


 


 


 



Share this post