• Follow Us on

Home မင်းကင်းမြို့၊ ကောဝိသရာမဘုန်းတော်ကြီးကျောင်းရှိ အသက် ၇၄ နှစ်၊ ဝါတော် ၅၄ ဝါရ ကျောင်းထိုင် ဆရာတော်ကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်

မင်းကင်းမြို့၊ ကောဝိသရာမဘုန်းတော်ကြီးကျောင်းရှိ အသက် ၇၄ နှစ်၊ ဝါတော် ၅၄ ဝါရ ကျောင်းထိုင် ဆရာတော်ကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်

Share this post

နေပြည်တော်၊ ဩဂုတ် ၂၀ (People Media)

 

မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမဘုန်းတော်ကြီးရှိ အသက် ၇၄ နှစ်၊ ဝါတော် ၅၄ ဝါရ ကျောင်းထိုင်ဆရာတော်ကို ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက People Media သို့ ပြောဆိုခဲ့သည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၁၈ ရက် ည ၈ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ လောင်းပြည့် ကျေးရွာရှိ ကောဝိသရာမဘုန်းတော်ကြီးကျောင်းသို့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဥူးကောဝံသ (၇၄) နှစ်၊ ဝါတော် (၅၄) ဝါအား ဒလန်ဟုစွပ်စွဲကာ တူမီးသေနတ်ဖြင့် ပစ်ခတ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ကျောင်းထိုင်ဆရာတော်မှာ သေနတ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ ပျံလွန် တော်မူခဲ့ကြောင်း သိရသည်။

 

#PeopleMedia #မင်းကင်းမြို့ #သာသနာရေး

 

(unicode)


…………………………………………………………………………

 


 


 


 


 



Share this post