• Follow Us on

Home မင်းကင်းမြို့၌ Quarantine ဝင်နေသူ ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

မင်းကင်းမြို့၌ Quarantine ဝင်နေသူ ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၂၇ (People Media)

 

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သင်တောကျေးရွာအုပ်စု၊ ညောင်ပင်သာယာတွင် Quarantine ဝင်နေသူ ၂ ဦး ကို သြဂုတ်လ ၂၆ ရက်နေ့တွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သောကြောင့် ယင်းနေရာ၌ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရပါတယ်။

 

“အသတ်ခံရတာတော့ ဟုတ်ပါတယ်။ Quarantine ထဲမှာ သေနေတာ မနက်မှ သိရတာ” လို့ ဒေသခံတစ်ဦးမှ သိရပါတယ်။

 

အဆိုပါ သင်တောကျေးရွာအုပ်စု၊ ညောင်ပင်သာယာကျေးရွာသည် မြို့ပေါ်နှင့် အလှမ်းဝေးသော နေရာ တစ်နေရာဖြစ်ပြီး လူဦးရေအနည်းစုသာ နေထိုင်သော ကျေးရွာတစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။

 

“အဲ့ဒီရွာက ကျွန်တော်တို့ မြို့ပေါ်နဲ့ဆိုရင် တော်တော်အလှမ်းဝေးတယ်၊ မင်းကင်းမြို့ပေါ်ကနေ ညောင်ပင်သာ ယာကို သွားမယ်ဆိုရင် ဆိုင်ကယ်နဲ့သွားရင်တောင် နေ့တစ်ဝက်လောက်သွားရတယ်” ဒေသခံက ပြောပါတယ်။

 

မင်းကင်းမြို့နယ်တွင် လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ များပြားလျက်ရှိပြီး ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မင်းကင်းမြို့နယ်မှ အရပ်သား ၇ ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ပါတယ်။

 

#PeopleMedia #မင်းကင်းမြို့

 

(unicode)


………………………………………………………..

 


 


 


 


 


 


 



Share this post