• Follow Us on

Home မင္းကင္းၿမိဳ႕ NLD ဥပေဒအေထာက္အကူျပဳေကာ္မတီဥကၠ႒ကို နိုင္ငံေတာ္အၾကည္အညိဳပ်က္ေစမႈျဖင့္ ဖမ္းဆီး

မင္းကင္းၿမိဳ႕ NLD ဥပေဒအေထာက္အကူျပဳေကာ္မတီဥကၠ႒ကို နိုင္ငံေတာ္အၾကည္အညိဳပ်က္ေစမႈျဖင့္ ဖမ္းဆီး

Share this post

စစ္ကိုင္း၊ ဒီဇင္ဘာ ၃
စစ္ကိုင္းတိုင္းေဒသႀကီး၊ မင္းကင္းၿမိဳ႕နယ္ NLD ပါတီ၏ ဥပေဒအေထာက္အကူျပဳေကာ္မတီဥကၠ႒ကို နိုင္ငံေတာ္ အၾကည္အညိဳပ်က္ေစမႈျဖင့္ ယေန႔ နံနက္တြင္ ရဲတပ္ဖြဲ႕မွ သူ၏ေနအိမ္မွာ သြားေရာက္ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။
 
NLD ပါတီ ဥပေဒအေထာက္အကူျပဳေကာ္မတီဥကၠ႒ ဦးေက်ာ္မင္းထြဋ္၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရး သားခဲ့သည့္ စာသားမ်ားသည္ အမ်ားျပည္သူအထိတ္တလန႔္ျဖစ္ေစသည့္အတြက္ ျပည္ခိုင္ၿဖိဳးပါတီကိုယ္စား လွယ္ေလာင္း ေဒါက္တာဆန္းဝင္းမွ ၿမိဳ႕နယ္စီမံခန႔္ခြဲမႈေကာ္မတီကို ၿပီးခဲ့သည့္လအတြင္း တိုင္ၾကားခဲ့သည္။
 
“ဒီမနက္ပိုင္းက ဖမ္းလိုက္တယ္လို႔ေတာ့ သိရပါတယ္” ဟု မင္းကင္းၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီတာဝန္ရွိသူ တစ္ဦးက ေျပာသည္။
 
အဆိုပါ တိုင္ၾကားခ်က္ကို ၿမိဳ႕နယ္စီမံခန႔္ခြဲမႈေကာ္မတီ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးမွ တရားလိုလုပ္ၿပီး ဦးေက်ာ္မင္းထြဋ္ကို နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ (ခ)ႏွင့္ တရားစြဲခဲ့သည္။
 
ထိုသို႔ တရားစြဲခဲ့ျခင္းကို ရဲတပ္ဖြဲ႕က ယေန႔ နံနက္ပိုင္းက ဖမ္းဆီးလိုက္ျခင္းျဖစ္သည္။
 
NLD ပါတီ ဥပေဒအေထာက္အကူျပဳေကာ္မတီဥကၠ႒ ဦးေက်ာ္မင္းထြဋ္က ျပည္ခိုင္ၿဖိဳးပါတီ ဦးေမာင္ျမင့္ကို ကနဦးတရားစြဲဆိုထားမႈျပဳလုပ္ထားသည္။
 
#PeopleMedia #မင္းကင္း
 
(unicode)
မင်းကင်းမြို့ NLD ဥပဒေအထောက်အကူပြုကော်မတီဥက္ကဋ္ဌကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ဖမ်းဆီး
……………………………………………….
 
စစ်ကိုင်း၊ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် NLD ပါတီ၏ ဥပဒေအထောက်အကူပြုကော်မတီဥက္ကဋ္ဌကို နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် ယနေ့ နံနက်တွင် ရဲတပ်ဖွဲ့မှ သူ၏နေအိမ်မှာ သွားရောက်ဖမ်းဆီးလိုက်ကြောင်း သိရသည်။
 
NLD ပါတီ ဥပဒေအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေး သားခဲ့သည့် စာသားများသည် အများပြည်သူအထိတ်တလန့်ဖြစ်စေသည့်အတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ်လောင်း ဒေါက်တာဆန်းဝင်းမှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကို ပြီးခဲ့သည့်လအတွင်း တိုင်ကြားခဲ့သည်။
 
“ဒီမနက်ပိုင်းက ဖမ်းလိုက်တယ်လို့တော့ သိရပါတယ်” ဟု မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
အဆိုပါ တိုင်ကြားချက်ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးမှ တရားလိုလုပ်ပြီး ဦးကျော်မင်းထွဋ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နှင့် တရားစွဲခဲ့သည်။
 
ထိုသို့ တရားစွဲခဲ့ခြင်းကို ရဲတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
 
NLD ပါတီ ဥပဒေအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်က ပြည်ခိုင်ဖြိုးပါတီ ဦးမောင်မြင့်ကို ကနဦးတရားစွဲဆိုထားမှုပြုလုပ်ထားသည်။
 
#PeopleMedia #မင်းကင်း

Share this post