• Follow Us on

Home မင်းကင်းနှင့် ကနီဆက်စပ်လျက်ရှိသည့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်၌ တပ်မတော်မှ Speed Boat ဖြင့် လုံခြုံရေးကင်းလှည့်နေ

မင်းကင်းနှင့် ကနီဆက်စပ်လျက်ရှိသည့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်၌ တပ်မတော်မှ Speed Boat ဖြင့် လုံခြုံရေးကင်းလှည့်နေ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းနှင့် ကနီဆက်စပ်လျက်ရှိသည့် ချင်းတွင်းမြစ်ချောင်းတစ်လျှောက်၌ တပ်မ တော်မှ Speed Boat ဖြင့် လုံခြုံရေးကင်းလှည့်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မင်းကင်းနှင့် ကနီအနီးတွင် တပ်မတော်မှ PDF အဖွဲ့တွေကို နယ်မြေရှင်းလင်းလျက်ရှိပြီး ချင်းတွင်းမြစ် ချောင်းတစ်လျှောက် ယခုလို လုံခြုံရေးကင်းလှည့်လျက်ရှိကြောင်း သိရသည်။

 

ထိုကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းမှ “မြစ်ကြောင်းမှာတော့ လိုအပ်တဲ့နေရာမှာ ယခင်ကအတိုင်း ရေကြောင်းရဲတပ်ဖွဲ့ဆိုတာ ဖွဲ့ထားတာရှိတယ်။ တပ်မတော်ကနေပြီးတော့ ရေယာဉ်ငယ်တွေကို ရေကြောင်းရဲ တပ်ဖွဲ့ထံကို လွှဲပေးထားတဲ့ ဟာတွေရှိပါတယ်။ လိုအပ်တဲ့နေရာမှာ လှည့်ကင်းလှည့်တာတို့ ဆောင်ရွက်တာ တော့ရှိပါလိမ့်မယ်” ဟု People Media သို့အတည်ပြုပြောကြားသည်။

 

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာတွင် သက်တော် ၇၄ နှစ်ရှိသည့် လောင်းပြည့် ဆရာတော်ကို တပ်မတော်စစ်ကြောင်းများ ကျေးရွာသို့ရောက်ရှိစဉ် နေခွင့်ပြုခြင်း၊ စားသောက်ဖွယ်ရာများ ပေး ကမ်းစွန့်ကြဲခြင်းတို့ကြောင့် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအချို့၏ပြောပြချက်အရ သိရသည်။

 

#PeopleMedia #ချင်းတွင်းမြစ်

 

(unicode)


………………………………………………………………………………

 


 


 


 


 


 



Share this post