• Follow Us on

Home မင်းတပ်မြို့နယ်၌ နေရပ်စွန့်ခွာစခန်း (၉) ခုရှိ ပြည်သူများအတွက် အခြေခံပစ္စည်း (၁၃) မျိုးနှင့် အိမ်ထောင်စု (၁၅၈) စုအတွက် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် လှူဒါန်းခဲ့ကြောင်း MRCS ထုတ်ပြန်

မင်းတပ်မြို့နယ်၌ နေရပ်စွန့်ခွာစခန်း (၉) ခုရှိ ပြည်သူများအတွက် အခြေခံပစ္စည်း (၁၃) မျိုးနှင့် အိမ်ထောင်စု (၁၅၈) စုအတွက် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် လှူဒါန်းခဲ့ကြောင်း MRCS ထုတ်ပြန်

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၉ (People Media)

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူလူထုအတွက် အခြေခံလိုအပ်သည့် ပစ္စည်း ပစ္စည်း (၁၃) မျိုးတို့ကို နေရပ်စွန့်ခွာစခန်း (၉) ခုရှိ အိမ်ထောင်စု (၂၀၀) စု၊ လူဦးရေ (၉၂၅) ဦးအတွက် အကူအညီများ ပေးအပ်သည့် အပြင် အလိုအပ်ဆုံး အိမ်ထောင်စု(၁၅၈)စုအတွက် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေ နီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း နှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့၏ အထောက်အပံ့ဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက မင်းတပ်မြို့ရှိ ပြည်သူလူထုအတွက် အခြေခံလိုအပ်သည့် ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ရွေ့လျားဆေးကုသခန်းများဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း ဦးဆောင်သော ဝန်ထမ်းများ၊ မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်တို့သည် မင်းတပ်မြို့နယ်ရှိ ရပ်ရွာလူထုအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် အစားအစာနှင့် အစားအစာမဟုတ်သော ပစ္စည်းများ၊ COVID-19 ကာကွယ်ရေးပစ္စည်းများ၊ အနွေးထည်များ စသည့် စုစုပေါင်း ပစ္စည်း (၁၃) မျိုးတို့ကို နေရပ်စွန့်ခွာ စခန်း (၉) ခုရှိ အိမ်ထောင်စု (၂၀၀) စု၊ လူဉီးရေ (၉၂၅) ဦးအတွက် ယခုနှစ် အောက်တိုဘာလ (၁၈) ရက်မှ နိုဝင်ဘာလ (၂၀) ရက်နေ့ထိ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

မင်းတပ်မြို့နယ်အတွင်းရှိ ထိခိုက်ခံစားရသူများအနက်မှ အလိုအပ်ဆုံးအိမ်ထောင်စု (၁၅၈) စုအတွက် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃၁၆) သိန်း ထောက်ပံ့ပေးခဲ့ သည့်အပြင် ပဏာမကျန်းမာရေးစောင့်ရှောက်မှု ရွေ့လျားဆေးပေးခန်းကိုလည်း နေရပ်စွန့်ခွာစခန်း(၅) နေရာတွင် တပတ်လျှင် (၆) ရက် ဖွင့်လှစ်ခဲ့ပြီး လူနာပေါင်း (၃,၄၉၀) ဦးအား ကြည့်ရှုစောင့်ရှောက်ပေးနိုင်ခဲ့ ကြောင်း အဆိုပါလူနာများအနက်မှ အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သည့် လူနာ (၇) ဦးကို မင်းတပ် ဆေးရုံနှင့် ပခုက္ကူဆေးရုံသို့ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မင်းတပ်မြို့နယ်တွင် နှာခေါင်းစည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အောက်ဆီဂျင်စက်များစသည့် COVID-19 ကာကွယ်တားဆီးရေးနှင့် အထောက်အကူပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

 

ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် COVID-19 နှင့် အကြောင်းအမျိုးမျိုးကြောင့် ဘေး အန္တရာယ်ထိခိုက်ခံစားရသူများကို လိုအပ်သည့် အကူအညီများ ပေးနိုင်ရန် ဆက်လက်ကြိုးစားဆောင်ရွက် လျှက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #မြန်မာနိုင်ငံကြက်ခြေနီအသင်း

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 



Share this post