• Follow Us on

Home မင်းတပ်မြို့၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ သွားရောက်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်း ၃၄ ဦးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်

မင်းတပ်မြို့၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ သွားရောက်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်း ၃၄ ဦးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၆ (People Media)

 

ချင်းပြည်နယ်၊ မင်းတပ်မြို့၏ ဒေသတွင်း မတည်မငြိမ်ဖြစ်စဉ်များကြောင့် စားဝတ်နေရေးအခက်အခဲတွေ့ နေသူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ သွားရောက်ပေးခဲ့သူ ၃၄ ဦးကို မြန်မာ နိုင်ငံကြက်ခြေနီအသင်း (MRCS) မှ ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့က ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါကဲ့သို့ ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခြင်းကို မင်းတပ်မြို့သို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ သွားရောက်ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့ခေါင်းဆောင် ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း၊ စီမံကိန်းမန်နေဂျာများ၊ ဆရာဝန်၊ သူနာပြုများနှင့် ကွင်ဆင်းအရာရှိ အပါ အဝင်ဝန်ထမ်း(၁၇)ဦး၊ မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းဦးအပါအဝင် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၇)ဦး၊ အပြည်ပြည်ဆိုင်ရာကြက် ခြေနီကော်မတီမှ အကြီးတန်းပူးပေါင်းဆောင်ရွက်ရေးအရာရှိ ဒေါ်အေးသန္တာထွန်းအပါအဝင် စုစုပေါင်း ၃၄ ဦးကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။

 

#PeopleMedia #မင်းတပ် #မြန်မာနိုင်ငံကြက်ခြေနီအသင်း

 

(unicode)


…………………………………………………………………………

 


 


 


 


 



Share this post