• Follow Us on
Latest News

Home မင်းတပ်မြို့၌ မြေမြှုပ်မိုင်း ပေါက်ကွဲရာ မိခင်ဖြစ်သူ သေဆုံးခဲ့ပြီး ၂ နှစ်အရွယ် ကလေးငယ် ခြေထောက် ဖြတ်လိုက်ရ

မင်းတပ်မြို့၌ မြေမြှုပ်မိုင်း ပေါက်ကွဲရာ မိခင်ဖြစ်သူ သေဆုံးခဲ့ပြီး ၂ နှစ်အရွယ် ကလေးငယ် ခြေထောက် ဖြတ်လိုက်ရ

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၇ (People Media)

 

ချင်းပြည်နယ်၊ မင်းတပ်မြို့၌ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူ သေဆုံးခဲ့သလို ၂ နှစ်အရွယ် ကလေး ငယ် ခြေထောက်ဖြတ်တောက်လိုက်ရပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက မင်းတပ်မြို့၊ စံပြရပ်ကွက်ရှိ နေအိမ်တစ်လုံးရှေ့တွင် ဒေါ်ဟုန်းအွယ် သည် ၎င်း၏နေအိမ်ရှေ့တွင် ကလေးထိန်း၍ အိမ်နီးချင်းဖြစ်သူ ဒေါ်ဟားရှဲင်းနှင့် စကားရပ်ပြောစဉ် ၎င်းနေအိမ် အနီး၌ ထောင်ထားသော မြေမြှုပ်မိုင်းကို ကလေးဖြစ်သူမှ တက်နင်းမိကာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါဖြစ်စဉ်ကြောင့် ဒေါ်ဟုန်းအွယ်သည် နေအိမ်ရှေ့တွင် မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ၎င်း၏ သမီးဖြစ်သူမှာ မိုင်းစထိမှန်မှုကြောင့် ခြေထောက်နှစ်ချောင်း ဖြတ်တောက်ခဲ့ရပြီး အိမ်နီးခြင်းဖြစ်သူ ဒေါ်ဟားရှဲင်း မှာတွင်လည်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

 

“ကလေးကတော့ အခု မင်းတပ်ဆေးရုံမှာ တင်ထားရတယ်။ ခြေထောက်ကတော့ ဖြတ်ထားရတယ်။ ဗုံးက  သူအမေနဲ့ ကလေးကြားထဲကနေပြီးတော့ ပေါက်တာပါ အမေကတော့ အခင်းဖြစ်နေရာမှာပဲဆုံးသွားပါတယ်” ဟု ဒေသခံတစ်ဦးကပြောပါတယ်။

 

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ချင်းပြည်နယ်မင်းတပ်မြို့တွင် မြေမြှုပ်မိုင်းများရှင်းလင်းရန် UNICEF မှ သတင်းထုတ်ပြန်ထားပါတယ်။

 

#PeopleMedia #မင်းတပ်မြို့

 

(unicode)

………………………………………………………

 


 


 


 


 


 


 



Share this post