• Follow Us on

Home မင်းတုန်းမြို့နယ်တွင် မြို့နယ်ချင်းဆက်လမ်းချဲ့ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

မင်းတုန်းမြို့နယ်တွင် မြို့နယ်ချင်းဆက်လမ်းချဲ့ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

Share this post

မင်းတုန်း၊ မတ် ၁၅

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ (၆) လ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ် မြို့နယ်ချင်းဆက် လမ်းမြေနီခင်း ခြင်းလုပ်ငန်း မတ် ၁၄ ရက်က ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။

 

အဆိုပါလမ်းသည် မင်းတုန်းမြို့နယ်၊ ချင်းနစ်ကျေးရွာနှင့် ကံမမြို့နယ်သို့‌ လမ်းချဲ့ခြင်း၊ မြေနီခင်းခြင်းနှင့် မြေဖို့ ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းလမ်းကိုအသုံးပြု၍ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ပတောင်းမြို့နယ်သို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသောင်းညွန့်ထံမှ သိရသည်။

 

(MOI)

 

(unicode)


………………………………

 


 


 


 

(MOI)


Share this post