• Follow Us on

Home မင်းတုန်းမြို့ PDF စခန်း ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် ကျား/မ လေးဦး(သေ)၊ မ နှစ်ဦး အရှင် ဖမ်းဆီးခံရ

မင်းတုန်းမြို့ PDF စခန်း ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် ကျား/မ လေးဦး(သေ)၊ မ နှစ်ဦး အရှင် ဖမ်းဆီးခံရ

Share this post

မကွေး၊ ဇန်နဝါရီ ၃၁ (People Media)

 

ဇန်နဝါရီ ၂၉ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာအနီး၌ စခန်းချနေထိုင်သည့် PDF စခန်း ဝင်ရောက်ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် ကျား/မ လေးဦး(သေ)၊ မ နှစ်ဦး အရှင် ဖမ်းဆီးခံရသည်။

 

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် နယ်ကြားနေရာဖြစ်ပြီး သစ် ပင်ကြီးများနှင့် ဝါးတောများထူထပ်သည့်နေရာဖြစ်ကြောင်း သိရသည်။

 

“အသေက ကျားနှစ်ဦး မ နှစ်ဦး။ အရှင်က မ နှစ်ဦးလို့ သိရတယ်” လို့ မင်းတုန်းမြို့နယ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ တိုက်ပွဲအတွင်း၌ PDF အဖွဲ့ ပိုင်ဆိုင်သည့်စခန်းနှင့် အသုံးအဆောင်များကို လုံခြုံရေးအဖွဲ့များက မီးရှို့ ဖျက်ဆီးခဲ့သည်။

 

#PeopleMedia #မင်းတုန်းမြို့

 

(unicode)


…………………………………………………..

 


 


 


 


 


 



Share this post