• Follow Us on

Home မင်းဘူးခရိုင်ရဲရုံး ဗုံးပစ်ခတ်တိုက်ခိုက်ခံရ၊ တိုက်ခိုက်မှုကို မင်းဘူး-စကု PDF အဖွဲ့မှ ၎င်းတို့ လက်ချက်ဖြစ် ကြောင်း ထုတ်ပြန်

မင်းဘူးခရိုင်ရဲရုံး ဗုံးပစ်ခတ်တိုက်ခိုက်ခံရ၊ တိုက်ခိုက်မှုကို မင်းဘူး-စကု PDF အဖွဲ့မှ ၎င်းတို့ လက်ချက်ဖြစ် ကြောင်း ထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၂၈ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မင်းဘူးရပ်ကွက် အနောက်ဘက် မကျီးချောင်းရွာအနီး မင်းဘူးခရိုင်ရဲရုံးကို ယမန်နေ့ ည ၇ နာရီကျော်အချိန်က ဗုံးနှစ်လုံးပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံအချို့က ပြောဆိုပါတယ်။

 

အဆိုပါဖြစ်စဉ်၌ ဒေသခံ PDF ၏ ပစ်ခတ်လိုက်သည် လက်ပစ်ဗုံးနှစ်လုံးအနက် တစ်လုံးပေါက်ကွဲခဲ့ပြီး၊ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အထက်ပါဖြစ်စဉ်နဲ့ပတ်သက်ပြီး၊ MS-PDF အဖွဲ့မှ ယနေ့ညတွင် မင်းဘူးမြို့၊ မင်းဘူးခရိုင်ရဲစခန်းသို့ သတိ ပေးခြိမ်းခြောက်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း၊ ဤလုပ်ဆောင်ချက်သည် ပဏာမသတိပေးခြိမ်းခြောက်မှု တစ်ခုသာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

#PeopleMedia #မင်းဘူးမြို့

 

(unicode)


………………………………………………………………..

 


 


 


 


 



Share this post