• Follow Us on

Home မင်းဘူးမြို့၊မန်းရေနံမြေ၌ ရေနံပိုက်လိုင်းဖောက်၍ ရေနံစိမ်းခိုးယူမှုဖြစ်ပွား

မင်းဘူးမြို့၊မန်းရေနံမြေ၌ ရေနံပိုက်လိုင်းဖောက်၍ ရေနံစိမ်းခိုးယူမှုဖြစ်ပွား

Share this post

ရန်ကုန်၊ စက်တင်ဘာ ၁၉

မင်းဘူးမြို့နယ်၊မန်းရေနံမြေ၌ ရေနံပိုတ်လိုင်းဖောက်၍ ရေနံစိမ်းခိုးယူမှု သည် စက်တင်ဘာ ၁၈ ရက်၌ ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ (၀၀း၃၀) အချိန်၌ မန်းရေနံမြေလုံခြုံရေး အဖွဲ့မှ ဦးမြင့်တိုး(၅၃)နှစ်နှင့် ဦးသန်းဝင်း(၄၂)နှစ်တို့ပါ ၅ ဦးသည် မန်းရေနံမြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မင်းဘူးမြို့နယ်၊ အောက်ကျောင်းကျေးရွာ၊ ရေနံတွင်းအမှတ်(၅၉၆)အနီး၌ မယ်ဘေ့ ကုန်းကျေးရွာနေ သန့်ဇင်ဦး(၃၃)နှစ်ပါ ၅ ဦးမှ ရေနံပိုက်လိုင်းအားဖောက် ၍ ရေနံစိမ်းများခိုးယူနေသဖြင့် သွားရောက် တားဆီးခဲ့သည်။

ထိုသို့တားဆီးမှုအပေါ် သန့်ဇင်ဦးပါ ၅ ဦးမှ လေးခွများဖြင့်ပစ်ခတ်ခဲ့ပြီး သန့်ဇင်ဦးမှ အရိုးအသွား ၁ ပေခန့် ဓါးမြောင်ဖြင့် ထိုး/ခုတ်၍ ထွက်ပြေး သွားခဲ့ပါသည်။ ဆက်လက်၍ ၎င်းတို့ခိုးယူထားသော ရေနံစိမ်း ၄၀ ဂါ လံနှင့် စတီးရေနံခပ်ခွက် ၁ လုံးတို့ ကျန်ရှိခဲ့ပြီး ဦးသန်းဝင်းတွင် နဖူးေ ပါက်ပြဲဒဏ်ရာ ၁ ချက်နှင့် ဦးမြင့်တိုးတွင် ယာလက်ဖျံ ၆ လက်မခန့် ပြတ် ရှဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ေ ဆာင်ခဲ့၍ ဆေးဝါးကုသခဲ့သည်။

(၀၃း၃၀) အချိန်တွင် မန်းရေနံမြေလုံခြုံရေးတပ်စုမှ ရဲတပ်ကြပ် မျိုးမြင့်က တိုင်တန်းသဖြင့် သန့်ဇင်ဦးပါ ၅ ဦး(ဖမ်းမမိ)အား မင်းဘူးမြို့မရဲစခန်း (ပ) ၁၉၀၃/၂၀၁၉၊ ပပက ၆(၁)ဖြင့် လည်းကောင်း၊ ၀၃၃၅ အချိန်တွင် မန်းရေ နံမြေ လုံခြုံရေးမန်နေဂျာ ဦးရဲအောင်မှ တိုင်တန်းသဖြင့် သန့်ဇင်ဦးပါ ၅ ဦး(ဖမ်းမမိ)အား မင်းဘူးမြို့မရဲစခန်း(ပ) ၁၉၀၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃(တာဝန်ဆောင်ရွက်သောပြည်သူ့ဝန်ထမ်းအား ပြင်းထန်နာ ကျင် စေမှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသည်။


Share this post