• Follow Us on

Home မင္းလွၿမိဳ႕တြင္ ဗုဒၶဘုရားပုံေတာ္သာကိုးကြယ္ႏိုင္သူမ်ားအား တပ္မေတာ္မွ ဗုဒၶဆင္းတုေတာ္မ်ား လွဴဒါန္း

မင္းလွၿမိဳ႕တြင္ ဗုဒၶဘုရားပုံေတာ္သာကိုးကြယ္ႏိုင္သူမ်ားအား တပ္မေတာ္မွ ဗုဒၶဆင္းတုေတာ္မ်ား လွဴဒါန္း

Share this post

မေကြးတိုင္းေဒသႀကီး အထက္မင္းလွၿမိဳ႕ ၿမိဳ႕ေပၚရပ္ကြက္အခ်ိဳ႕ရွိ ေနအိမ္မ်ားတြင္ ဗုဒၶဘုရားပုံေတာ္သာ ကိုး ကြယ္ႏိုင္ၾကသည့္ေနအိမ္မ်ားသို႔ ဗုဒၶဘုရားဆင္းတုေတာ္မ်ားကို အမွတ္(၉၄၉)စက္လက္နက္ပစၥည္းတပ္ခြဲမွ တပ္မွဴးဗိုလ္မွဴးသစ္လြင္မွ ယေန႔ နံနက္ပိုင္းက လွဴဒါန္းခဲ့သည္။

အမွတ္ (၉၄၉) စစ္လက္နက္ပစၥည္းတပ္ခြဲဓမၼာ႐ုံတြင္ ဘုရားဆင္းတု အဆူေရ ၂၀၀ ကို တစ္ဦးခ်င္းတစ္အိမ္ ေထာင္ခ်င္းလွဴဒါန္းေပးခဲ့ျခင္းျဖစ္ၿပီး တပ္တြင္းဓမၼာ႐ုံ၌ ဘုရားဆင္းတုေတာ္မ်ားအား အေနကဇာတင္ေျမႇာက္၍ ကုသိုလ္အမွ်ေပးေဝျခင္း၊ လႈဒါန္းေပးျခင္းမ်ားျပဳလုပ္ခဲ့သည္။

“ဘုရားဆင္းတုေတာ္ေတြလွဴဒါန္းေပးခ်င္တယ္၊ တစ္ကယ္လိုအပ္ေနသူေတြကို လွဴဒါန္းေပးခ်င္တယ္ဆိုလို႔ ကြၽန္ ေတာ္ကိုယ္တိုင္တစ္အိမ္ဆင္း၊ တစ္အိမ္တက္ ေနအိမ္ဘုရားစင္ေတြကိုၾကည့္ၿပီး လိုက္လံစာရင္းျပဳစုခဲ့တာျဖစ္ တယ္၊ ကြၽန္ေတာ္တို႔႐ုံးရပ္ေျမာက္ပိုင္းရပ္ကြက္က ဘုရားဆင္းတုေတာ္မရွိဘဲ ပုံေတာ္သာကိုးကြယ္ေနၾကရတဲ့ ေနအိမ္(၇၆)အိမ္ေထာင္စုရွိပါတယ္၊ ယခုဘုရားဆင္းတုေတာ္ေတြရရွိမယ့္ အိမ္ေထာင္စုေတြကို အလွဴရွင္နဲ႔ တိုက္႐ိုက္ေတြ႕ဆုံလွဴဒါန္းေပးခဲ့တာပါ”ဟု မင္းလွၿမိဳ႕ ႐ုံးရပ္ေျမာက္ပိုင္းအုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ဦးသန္းက ေျပာ သည္။

ယင္းဘုရားဆင္းတုအဆူေရ ၂၀၀ လွဴဒါန္းမႈအား လက္ခံရရွိသည့္ ၿမိဳ႕ေပၚရပ္ကြက္မ်ားမွာ ႐ုံးရပ္ေျမာက္ပိုင္း ရပ္ကြက္၊ အမွတ္(၁)ရပ္ကြက္၊ အမွတ္(၃)ေတာင္ရပ္ကြက္ႏွင့္ အမွတ္(၆)ရပ္ကြက္အတြင္း ေနအိမ္မ်ား ပါဝင္ၾက သည္။

သက္ေနာင္

#PeopleMedia

(Unicode)
မင်းလှမြို့တွင် ဗုဒ္ဓဘုရားပုံတော်သာကိုးကွယ်နိုင်သူများအား တပ်မတော်မှ ဗုဒ္ဓဆင်းတုတော်များ လှူဒါန်း …………………………………………………………………………

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ မြို့ပေါ်ရပ်ကွက်အချို့ရှိ နေအိမ်များတွင် ဗုဒ္ဓဘုရားပုံတော်သာ ကိုး ကွယ်နိုင်ကြသည့်နေအိမ်များသို့ ဗုဒ္ဓဘုရားဆင်းတုတော်များကို အမှတ်(၉၄၉)စက်လက်နက်ပစ္စည်းတပ်ခွဲမှ တပ်မှူးဗိုလ်မှူးသစ်လွင်မှ ယနေ့ နံနက်ပိုင်းက လှူဒါန်းခဲ့သည်။

အမှတ် (၉၄၉) စစ်လက်နက်ပစ္စည်းတပ်ခွဲဓမ္မာရုံတွင် ဘုရားဆင်းတု အဆူရေ ၂၀၀ ကို တစ်ဦးချင်းတစ်အိမ် ထောင်ချင်းလှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး တပ်တွင်းဓမ္မာရုံ၌ ဘုရားဆင်းတုတော်များအား အနေကဇာတင်မြှောက်၍ ကုသိုလ်အမျှပေးဝေခြင်း၊ လှုဒါန်းပေးခြင်းများပြုလုပ်ခဲ့သည်။

“ဘုရားဆင်းတုတော်တွေလှူဒါန်းပေးချင်တယ်၊ တစ်ကယ်လိုအပ်နေသူတွေကို လှူဒါန်းပေးချင်တယ်ဆိုလို့ ကျွန် တော်ကိုယ်တိုင်တစ်အိမ်ဆင်း၊ တစ်အိမ်တက် နေအိမ်ဘုရားစင်တွေကိုကြည့်ပြီး လိုက်လံစာရင်းပြုစုခဲ့တာဖြစ် တယ်၊ ကျွန်တော်တို့ရုံးရပ်မြောက်ပိုင်းရပ်ကွက်က ဘုရားဆင်းတုတော်မရှိဘဲ ပုံတော်သာကိုးကွယ်နေကြရတဲ့ နေအိမ်(၇၆)အိမ်ထောင်စုရှိပါတယ်၊ ယခုဘုရားဆင်းတုတော်တွေရရှိမယ့် အိမ်ထောင်စုတွေကို အလှူရှင်နဲ့ တိုက်ရိုက်တွေ့ဆုံလှူဒါန်းပေးခဲ့တာပါ”ဟု မင်းလှမြို့ ရုံးရပ်မြောက်ပိုင်းအုပ်ချုပ်ရေးမှူး ဦးကျော်ဦးသန်းက ပြော သည်။

ယင်းဘုရားဆင်းတုအဆူရေ ၂၀၀ လှူဒါန်းမှုအား လက်ခံရရှိသည့် မြို့ပေါ်ရပ်ကွက်များမှာ ရုံးရပ်မြောက်ပိုင်း ရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)တောင်ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်အတွင်း နေအိမ်များ ပါဝင်ကြ သည်။

သက်နောင်

#PeopleMedia


Share this post