• Follow Us on

Home မင္းလွၿမိဳ႕နယ္တြင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ တုိ႔၏ သစ္သား႐ုပ္ထုထားရွိရန္ စီစဥ္

မင္းလွၿမိဳ႕နယ္တြင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ တုိ႔၏ သစ္သား႐ုပ္ထုထားရွိရန္ စီစဥ္

Share this post

ရန္ကုန္၊ ဇူလုိင္ – ၇

မေကြးတုိင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္၊ ဘန္႔ျပင္ေက်းရြာအုပ္စု၊ ဘန္ျပင္ေက်းရြာ သမဂၢါရာမေက်ာင္းတုိက္၌ ဗုိလ္ ခ်ဳပ္ေအာင္ဆန္းႏွင့္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံတုိ႔၏ သစ္သား႐ုပ္ထုထားရွိရန္ စီရန္လ်က္ရွိသည္။

သမဂၢါရာမဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္၏ ဦးေဆာင္မႈျဖင့္ ေဒသခံမ်ား စုေပါင္း၍ ႐ုပ္ထုထားရွိမည့္ အေဆာက္အဦးကုိ စုေပါင္းျပင္ဆင္လ်က္ရွိသည္။

အဆုိပါ ေက်ာင္းတုိက္အတြင္းထားရွိမည့္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံတုိ႔၏ ႐ုပ္ထုကုိ ကုကၠိဳလ္သား အသုံးျပဳ၍ မႏၱေလးမွ ပန္းပုပညာရွင္က ထုသစ္ခဲ့ျခင္းျဖစ္သည္။

“ေက်းရြာဆရာေတာ္ရဲ႕ ဦးေဆာင္မႈနဲ႔ ျပဳလုပ္ေနၾကတာပါ။ ႐ုပ္ထုထားရွိတဲ့ အေဆာက္အဦးရဲ႕ထိပ္ဦးပုိင္းမွာ လူသာေသ နာမည္မေသဆုိတဲ့စာကုိ ေရးသားထားပါတယ္။ ေဒသခံေတြရဲ႕ စည္းလုံးမႈကုိ ျမင္ေတြ႕ရတာပါ။ ေနာင္လာေနာင္သားေတြအတြက္ စံနမူနာယူႏုိင္ဖုိ႔ ရည္ရြယ္ခ်က္နဲ႔ ျပဳလုပ္ေနၾကတာပါ”လုိ႔ ေဒသခံ ကုိေက်ာ္ သူရက ေျပာပါတယ္။

အဆုိပါေက်ာင္းတုိက္အတြင္း၌ သစ္သားပန္းပု႐ုပ္မ်ား ထုဆစ္လ်က္ရွိၿပီး ႐ုပ္ထုမ်ဳိးစုံ ၅၀ ခန္႔ရွိေၾကာင္း ေဒသခံ မ်ားက ေျပာဆုိၾကသည္။

#PeopleMedia #မင္းလွၿမိဳ႕ #ပန္းပု႐ုပ္ထု

(unicode)
မင်းလှမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ တို့၏ သစ်သားရုပ်ထုထားရှိရန် စီစဉ်
………………………………………………

ရန်ကုန်၊ ဇူလိုင် – ၇

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု၊ ဘန်ပြင်ကျေးရွာ သမဂ္ဂါရာမကျောင်းတိုက်၌ ဗိုလ် ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံတို့၏ သစ်သားရုပ်ထုထားရှိရန် စီရန်လျက်ရှိသည်။

သမဂ္ဂါရာမဘုန်းတော်ကြီးကျောင်း ဆရာတော်၏ ဦးဆောင်မှုဖြင့် ဒေသခံများ စုပေါင်း၍ ရုပ်ထုထားရှိမည့် အဆောက်အဦးကို စုပေါင်းပြင်ဆင်လျက်ရှိသည်။

အဆိုပါ ကျောင်းတိုက်အတွင်းထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံတို့၏ ရုပ်ထုကို ကုက္ကိုလ်သား အသုံးပြု၍ မန္တလေးမှ ပန်းပုပညာရှင်က ထုသစ်ခဲ့ခြင်းဖြစ်သည်။

“ကျေးရွာဆရာတော်ရဲ့ ဦးဆောင်မှုနဲ့ ပြုလုပ်နေကြတာပါ။ ရုပ်ထုထားရှိတဲ့ အဆောက်အဦးရဲ့ထိပ်ဦးပိုင်းမှာ လူသာသေ နာမည်မသေဆိုတဲ့စာကို ရေးသားထားပါတယ်။ ဒေသခံတွေရဲ့ စည်းလုံးမှုကို မြင်တွေ့ရတာပါ။ နောင်လာနောင်သားတွေအတွက် စံနမူနာယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်နေကြတာပါ”လို့ ဒေသခံ ကိုကျော် သူရက ပြောပါတယ်။

အဆိုပါကျောင်းတိုက်အတွင်း၌ သစ်သားပန်းပုရုပ်များ ထုဆစ်လျက်ရှိပြီး ရုပ်ထုမျိုးစုံ ၅၀ ခန့်ရှိကြောင်း ဒေသခံ များက ပြောဆိုကြသည်။

#PeopleMedia #မင်းလှမြို့ #ပန်းပုရုပ်ထု


Share this post