• Follow Us on

Home မင္းလွၿမိဳ႕နယ္အေျခစုိက္ ကပစ(၁၀)တပ္မွ တပ္မေတာ္သားတစ္ဦးကို ပုပ္ပြေသဆုံးလွ်က္ေတြ႕ရွိ

မင္းလွၿမိဳ႕နယ္အေျခစုိက္ ကပစ(၁၀)တပ္မွ တပ္မေတာ္သားတစ္ဦးကို ပုပ္ပြေသဆုံးလွ်က္ေတြ႕ရွိ

Share this post

မင္းလွ၊ စက္တင္ဘာ – ၄

မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္ ဥယ်ာဥ္ေက်း႐ြာအနီးေခ်ာင္းအတြင္းမွ ပုပ္ပြေသဆုံးေနေသာ တပ္မေတာ္ သားအေလာင္းတစ္ခုကို စက္တင္ဘာလ ၃ရက္ ညေနပိုင္းကေတြ႕ရွိခဲ့သည္။

ဥယ်ာဥ္ေက်း႐ြာေနထိုင္သူေရလုပ္သားတစ္ဦးက ငါးဖမ္းသြားစဥ္ အေလာင္းအားေတြ႕ရွိခဲ့ရျခင္းျဖစ္ၿပီး ေက်း႐ြာအုပ္ခ်ဳပ္ေရးမႈးထံကတစ္ဆင့္ မင္းလွၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ထံသို႔ဆက္သြယ္သတင္းေပးေျပာၾကား ခဲ့ျခင္းျဖစ္သည္။

ေသဆုံးသူမွာ ကပစ(၁၀)ကုန္ႀကီးမွ တပ္သား မ်ိဳးဆက္ပိုင္(၂၆)ႏွစ္ျဖစ္ေၾကာင္း ကပစ(၁၀)ကုန္းႀကီးမွ စည္း/ထိန္း တပ္ၾကပ္ႀကီးဟန္မိုးသူမွအတည္ျပဳထားသည္။

ေသဆုံးသူတြင္ျပင္ပဒဏ္ရာတစ္စုံတစ္ရာမေတြ႕ရွိရခဲ့ရေၾကာင္း၊ ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္/မဟုတ္စစ္ေဆးနိုင္ရန္ ေသမႈေသခင္း ေရးဖြင့္ေဆာင္႐ြက္သြားမည္ျဖစ္သည္။

သက္ေနာင္(မင္းလွ)

#PeopleMedia #မင္းလွ

(unicode)
မင်းလှမြို့နယ်အခြေစိုက် ကပစ(၁၀)တပ်မှ တပ်မတော်သားတစ်ဦးကို ပုပ်ပွသေဆုံးလျှက်တွေ့ရှိ
………………………………………………………

မင်းလှ၊ စက်တင်ဘာ – ၄

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ဥယျာဉ်ကျေးရွာအနီးချောင်းအတွင်းမှ ပုပ်ပွသေဆုံးနေသော တပ်မတော် သားအလောင်းတစ်ခုကို စက်တင်ဘာလ ၃ရက် ညနေပိုင်းကတွေ့ရှိခဲ့သည်။

ဥယျာဉ်ကျေးရွာနေထိုင်သူရေလုပ်သားတစ်ဦးက ငါးဖမ်းသွားစဉ် အလောင်းအားတွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှုးထံကတစ်ဆင့် မင်းလှမြို့နယ် ရဲတပ်ဖွဲ့ထံသို့ဆက်သွယ်သတင်းပေးပြောကြား ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ကပစ(၁၀)ကုန်ကြီးမှ တပ်သား မျိုးဆက်ပိုင်(၂၆)နှစ်ဖြစ်ကြောင်း ကပစ(၁၀)ကုန်းကြီးမှ စည်း/ထိန်း တပ်ကြပ်ကြီးဟန်မိုးသူမှအတည်ပြုထားသည်။

သေဆုံးသူတွင်ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးနိုင်ရန် သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

သက်နောင်(မင်းလှ)

#PeopleMedia #မင်းလှ


Share this post