• Follow Us on

Home မင်းလှမြို့နယ်၊ နေလကျောင်းတိုက်ပိုင်ယာဉ်နှင့် ကျောင်းထိုင်ဆရာတော် ပိုင်ဆိုင်သည့် ငွေကျပ် (၂၈) သိန်း ကျော် ယူဆောင်သွားသည့် ကိုရင်ကြီး မြဝတီမြို့၌ ဖမ်းမိသော်လည်း ငွေများသည် လောင်းကစားလုပ်၍ ကုန် သွားဟုဆို

မင်းလှမြို့နယ်၊ နေလကျောင်းတိုက်ပိုင်ယာဉ်နှင့် ကျောင်းထိုင်ဆရာတော် ပိုင်ဆိုင်သည့် ငွေကျပ် (၂၈) သိန်း ကျော် ယူဆောင်သွားသည့် ကိုရင်ကြီး မြဝတီမြို့၌ ဖမ်းမိသော်လည်း ငွေများသည် လောင်းကစားလုပ်၍ ကုန် သွားဟုဆို

Share this post

ပဲခူး၊ ဇန်နဝါရီ ၂၁ (People Media)

 

ဇန်နဝါရီလ ၁၉ ရက်နေ့၊ ညပိုင်းက ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြန်မာစုကျေးရွာ၊ နေလကျောင်းပိုင် ယာဉ်နှင့် ကျောင်းထိုင်ဆရာတော် ပိုင်ဆိုင်သည့် ငွေကျပ် သိန်း ၂၈ ကျော်ကို ကျောင်းနေ ကိုရင်ကြီးတစ်ပါးမှ ယူဆောင်ထွက်ပြေးပြီးနောက် ဇန်နဝါရီ်လ ၂၀ ရက်နေ့တွင် ကိုရင်ကြီးနှင့်အတူ ယာဉ်ကို မြဝတီမြို့၌ ပြန်လည် ဖမ်းဆီးရမိခဲ့သည်။

 

“မြဝတီမြို့ ကိုးသုံးဂိတ်နားက ကာစီနိုရုံမှာ မိတာပါ။ ပိုက်ဆံတွေကတော့ လောင်းကစားလုပ်လို့ ရှုံးသွားပြီ။ ကျန်တဲ့ပစ္စည်းတွေကတော့ ပြန်ရတယ်” လို့ ဦးအောင်မင်း(နေလကျောင်းတိုက်)ကပြောသည်။

 

နေလကျောင်းတိုက်နေ ကိုရင်ကြီး(ခေါ်)ကိုမင်းမင်းစိုးသည် ယမန်နေ့က ညပိုင်းက ကျောင်းထိုင်ဆရာတော်၏ Toyota Harrier မော်တော်ယာဉ် ယာဉ်နံပါတ် YGN 3E/3893 နှင့် ယာဉ်ပိုင်ဆိုင်မှု အထောက်အထားများ၊ အလှူငွေ ကျပ် ၂၈ သိန်းကျော်နှင့် တက်ပလပ်တစ်လုံးတို့ကို ယူဆောင်ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

 

ဖမ်းဆီးရမိသော ကိုရင်ကြီးကို သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။

 

#PeopleMedia #မင်းလှမြို့နယ်

 

(unicode)


……………………………………………………….

 


 


 


 


 


 



Share this post