• Follow Us on

Home မင်းလှမြို့နယ် မလွန်ရေခါးပရိယတ္တိစာသင်တိုက်တွင် ကိန်းဝပ်စံပါယ်တော်မူမည့် ဥာဏ်တော်(၉)ပေရှိ ဆင်းတု တော်ကို နေရာချထားရန်အတွက် တပ်မတော်က ပူးပေါင်းဆောင်ရွက်

မင်းလှမြို့နယ် မလွန်ရေခါးပရိယတ္တိစာသင်တိုက်တွင် ကိန်းဝပ်စံပါယ်တော်မူမည့် ဥာဏ်တော်(၉)ပေရှိ ဆင်းတု တော်ကို နေရာချထားရန်အတွက် တပ်မတော်က ပူးပေါင်းဆောင်ရွက်

Share this post

မင်းလှ၊ ဇူလိုင်-၃

 

မကွေးတိုင်း မင်းလှမြို့နယ် မလွန်ကျေးရွာအုပ်စု ရေခါးကျေးရွာ ပရိယတ္တိစာသင်တိုက်တွင် ကိန်းဝပ်စံပါယ်တော် မူမည့်ဥာဏ်တော်(၉)ပေရှိ ဗုဒ္ဓရုပ်ပွားကို ဇူလိုင် ၂ ရက် နံနက်ပိုင်းက မလွန်ရေခါးစာသင်တိုက်သို့ ပင့်ဆောင် လာကြသည်။

 

ဥာဏ်တော်(၉)ပေရှိဗုဒ္ဓရုပ်ပွားတော်ကို မင်းလှမြို့စည်ပင်သာယာရေးကော်မတီဥက္ကဌဦးကြည်ဌေးက လှုဒါန်း ပေးခဲ့ခြင်းဖြစ်ပြီး ရုပ်ပွားတော်ထုလုပ်ပြင်ဆင်ချိန်အချိန်(၃)လကြာမြင့်ခဲ့သည်။

 


 

“တပ်မတော်က လူအင်အားနဲ့ စက်ယန္တယားပါဝင်ကူညီပေးရတာပါ၊ ဗိမ္မာန်တော်ဝင်ပေါက်နဲ့ ရုပ်ပွားတော်ရဲ့ ဥာဏ်တော်က အမြင့်ပေချင်းတူနေတော့ ဗိမ္မာန်တော်ဝင်ပေါက်ကို GE တပ်က လာရောက်ပြင်ဆင်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု ပါဝင်ကူညီခဲ့သူ အမှတ်(၁၀)ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်မတော် သားတစ်ဦးကပြောသည်။

 


 

သက်နောင်(မင်းလှ)

 

#PeopleMedia #မင်းလှ

 

(Unicode)

မင်းလှမြို့နယ် မလွန်ရေခါးပရိယတ္တိစာသင်တိုက်တွင် ကိန်းဝပ်စံပါယ်တော်မူမည့် ဉာဏ်တော်(၉)ပေရှိ ဆင်းတု တော်ကို နေရာချထားရန်အတွက် တပ်မတော်က ပူးပေါင်းဆောင်ရွက်
………………………………………………………………………………………………………….

မင်းလှ၊ ဇူလိုင်-၃

မကွေးတိုင်း မင်းလှမြို့နယ် မလွန်ကျေးရွာအုပ်စု ရေခါးကျေးရွာ ပရိယတ္တိစာသင်တိုက်တွင် ကိန်းဝပ်စံပါယ်တော် မူမည့်ဉာဏ်တော်(၉)ပေရှိ ဗုဒ္ဓရုပ်ပွားကို ဇူလိုင် ၂ ရက် နံနက်ပိုင်းက မလွန်ရေခါးစာသင်တိုက်သို့ ပင့်ဆောင် လာကြသည်။

ဉာဏ်တော်(၉)ပေရှိဗုဒ္ဓရုပ်ပွားတော်ကို မင်းလှမြို့စည်ပင်သာယာရေးကော်မတီဥက္ကဌဦးကြည်ဌေးက လှုဒါန်း ပေးခဲ့ခြင်းဖြစ်ပြီး ရုပ်ပွားတော်ထုလုပ်ပြင်ဆင်ချိန်အချိန်(၃)လကြာမြင့်ခဲ့သည်။

ဗုဒ္ဓရုပ်ပွားတော်ကို မလွန်ရေခါး စာသင်တိုက်ရှိ အသစ်ဆောက်လုပ်ထားသော သာသနာ့ဗိမ္မာန်တော်ကြီး အတွင်း ကိန်းဝပ်စံပါယ်သွားမည်ဖြစ်ပြီး တပ်မတော်မှ ရုပ်ပွာတော်ကို နေရာရောက်ရှိရေး ကူညီဆောင်ရွက် ပေးနေလျှက်ရှိသည်။

“တပ်မတော်က လူအင်အားနဲ့ စက်ယန္တယားပါဝင်ကူညီပေးရတာပါ၊ ဗိမ္မာန်တော်ဝင်ပေါက်နဲ့ ရုပ်ပွားတော်ရဲ့ ဉာဏ်တော်က အမြင့်ပေချင်းတူနေတော့ ဗိမ္မာန်တော်ဝင်ပေါက်ကို GE တပ်က လာရောက်ပြင်ဆင်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု ပါဝင်ကူညီခဲ့သူ အမှတ်(၁၀)ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်မတော် သားတစ်ဦးကပြောသည်။

ရုပ်ပွားတော်ကို မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်းသွားရောက်သွန်းထုခဲ့ခြင်းဖြစ်ပြီး ငွေကျပ်သိန်း ၁၅၀ ခန့် ကုန်ကျခဲ့သည်။

သက်နောင်(မင်းလှ)

#PeopleMedia #မင်းလှ


Share this post