• Follow Us on

Home မင္းလွၿမိဳ႕၌ Q ဝင္ေနသူတစ္ဦး ေက်ာက္ကပ္အားနည္း၊ အေမာေဖာက္၊ ေခ်ာင္းဆိုးေသြးပါေရာဂါျဖင့္ ေသဆုံး

မင္းလွၿမိဳ႕၌ Q ဝင္ေနသူတစ္ဦး ေက်ာက္ကပ္အားနည္း၊ အေမာေဖာက္၊ ေခ်ာင္းဆိုးေသြးပါေရာဂါျဖင့္ ေသဆုံး

Share this post

မင္းလွ၊ စက္တင္ဘာ – ၄

မေကြးတိုင္းေဒသႀကီးမင္းလွၿမိဳ႕ ၿမိဳ႕နယ္ခန္းမ FQ Center တြင္ Q ဝင္ေနေသာ ထိုင္းျပန္တစ္ဦးသည္ စက္တင္ဘာလ ၃ရက္ ညေန ၆နာရီက ေသဆုံးခဲ့သည္။

ထိုင္နိုင္ငံရွိေဆာက္လုပ္ေရးစက္႐ုံတြင္အလုပ္လုပ္ကိုင္ခဲ့ၿပီးေနရပ္သို႔ျပန္လည္ေရာက္ရွိလာေသာ ပနီဆုံေက်း ႐ြာေနထိုင္သူ ဦးေခ်ာင္(၂၃)ႏွစ္ကို ၾသဂုတ္လ ၃၀ရက္ေန႕က စတင္ကာ Quarantine ဝင္ေစခဲ့ျပီး စက္တင္ဘာ (၃)ရက္ေန႔ ညေနပုိင္း၌ ေသဆုံးခဲ့သည္။

၎သည္ စက္တင္ဘာလ၃ရက္ နံနက္ ၁၁နာရီ ၅၀မိနစ္အခ်ိန္တြင္Quarantine ဝင္ေနရာမွ အေမာေဖာက္ၿပီး အသက္ရႈမဝျဖစ္လာ၍ မေကြးတိုင္းျပည္သူ႕ေဆး႐ုံသို႔ ေန႕လယ္ ၁နာရီခြဲအခ်ိန္အေရာက္ ပို႔ေဆာင္ကာေဆးကု သမႈခံယူေစခဲ့သည္။

၎သည္ မေကြးတိုင္းေဆး႐ုံသို႔ပို႔ေဆာင္ခဲ့သည့္အဆိုပါေန႕ ညေန ၆နာရီအခ်ိန္တြင္ ေက်ာက္ကပ္အား နည္းေရာဂါ၊ အေမာေဖာက္၊ေခ်ာင္းဆိုးေသြးပါေရာဂါတို႔ျဖင့္ေသဆုံးသြားခဲ့သည္။

ေသဆုံးသူ ဦးေခ်ာင္ကိုစက္တင္ဘာလ ၄ရက္ နံနက္ ၈နာရီအခ်ိန္တြင္ ေဆးစစ္ခ်က္ယူေဆာင္႐ြက္ၾကမ ည္ျဖစ္ေၾကာင္း ေဒသဆုိင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ားက အတည္ျပဳ႕ေျပာဆုိသည္။

သက္ေနာင္(မင္းလွ) #PeopleMedia #မင္းလွ

(unicode)
မင်းလှမြို့၌ Q ဝင်နေသူတစ်ဦး ကျောက်ကပ်အားနည်း၊ အမောဖောက်၊ ချောင်းဆိုးသွေးပါရောဂါဖြင့် သေဆုံး
……………………………………………………

မင်းလှ၊ စက်တင်ဘာ – ၄

မကွေးတိုင်းဒေသကြီးမင်းလှမြို့ မြို့နယ်ခန်းမ FQ Center တွင် Q ဝင်နေသော ထိုင်းပြန်တစ်ဦးသည် စက်တင်ဘာလ ၃ရက် ညနေ ၆နာရီက သေဆုံးခဲ့သည်။

ထိုင်နိုင်ငံရှိဆောက်လုပ်ရေးစက်ရုံတွင်အလုပ်လုပ်ကိုင်ခဲ့ပြီးနေရပ်သို့ပြန်လည်ရောက်ရှိလာသော ပနီဆုံကျေး ရွာနေထိုင်သူ ဦးချောင်(၂၃)နှစ်ကို ဩဂုတ်လ ၃၀ရက်နေ့က စတင်ကာ Quarantine ဝင်စေခဲ့ပြီး စက်တင်ဘာ (၃)ရက်နေ့ ညနေပိုင်း၌ သေဆုံးခဲ့သည်။

၎င်းသည် စက်တင်ဘာလ၃ရက် နံနက် ၁၁နာရီ ၅၀မိနစ်အချိန်တွင်Quarantine ဝင်နေရာမှ အမောဖောက်ပြီး အသက်ရှုမဝဖြစ်လာ၍ မကွေးတိုင်းပြည်သူ့ဆေးရုံသို့ နေ့လယ် ၁နာရီခွဲအချိန်အရောက် ပို့ဆောင်ကာဆေးကု သမှုခံယူစေခဲ့သည်။

၎င်းသည် မကွေးတိုင်းဆေးရုံသို့ပို့ဆောင်ခဲ့သည့်အဆိုပါနေ့ ညနေ ၆နာရီအချိန်တွင် ကျောက်ကပ်အား နည်းရောဂါ၊ အမောဖောက်၊ချောင်းဆိုးသွေးပါရောဂါတို့ဖြင့်သေဆုံးသွားခဲ့သည်။

သေဆုံးသူ ဦးချောင်ကိုစက်တင်ဘာလ ၄ရက် နံနက် ၈နာရီအချိန်တွင် ဆေးစစ်ချက်ယူဆောင်ရွက်ကြမ ည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက အတည်ပြု့ပြောဆိုသည်။

သက်နောင်(မင်းလှ) #PeopleMedia #မင်းလှ


Share this post