• Follow Us on

Home မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ပွိုင့်-၁၁၄ တောင်ကုန်း၌ နေရာယူ တပ်စွဲထားသည့် AA စခန်းကုန်းကို တပ်မတော်သိမ်းပိုက်၊ AA အလောင်းနှင့်လက်နက်များ တပ်မတော်ရရှိ

မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ပွိုင့်-၁၁၄ တောင်ကုန်း၌ နေရာယူ တပ်စွဲထားသည့် AA စခန်းကုန်းကို တပ်မတော်သိမ်းပိုက်၊ AA အလောင်းနှင့်လက်နက်များ တပ်မတော်ရရှိ

Share this post

…………………………………………………………………………………

ရန်ကုန်၊ မေ – ၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းအနီး စိုးမိုးတောင်ကုန်းဖြစ်သည့် ပွိုင့်-၁၁၄ နေရာ၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ခြေကုတ် စခန်းတစ်ခုကို မေ၈ ရက် ညနေ ၅ နာရီခန့် တွင် တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့သည်။

ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယခုနှစ် မတ်လ မှစတင်၍ ပလက်ဝမြို့ကို ဖြတ်တောက် ပိတ်ဆို့ရန် ကျောက်တော်-ပလက်ဝလမ်းကြောင်း၊ မတူပီ-ဆမီး-ပလက်ဝ လမ်းကြောင်းများကို ဖြတ်တောက် ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းကြောင်းပွင့်စေရေးအတွက် လုံခြုံရေး လုပ်ငန်းများကို တပ်မတော်က ဆောင်ရွက်ခဲ့ရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရည်ရွယ်ချက်အသီးသီးတွင် အောင်မြင်မှုမရဘဲ အကျအဆုံး၊ ထိခိုက်ဒဏ်ရာရမှု များစွာဖြင့် အဆုံးသတ်ခဲ့ရမှုအပေါ် ဒေသခံပြည်သူများအား အာရုံပြောင်းမှုတစ်ခုအဖြစ် မင်းပြား၊ ကမ်းနီဒေသရှိ နယ်မြေခံတပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခု ကို မတ်လ ၂၃ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ရယူကာ ဝင်ရောက် တိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသင့်ရှိမှုကြောင့် အကျအဆုံးများစွာဖြင့် ထပ်မံ၍ဆုတ်ခွာ ထွက်ပြေးခဲ့ရကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဘက်ဘက်မှ ရှုံးနိမ့်မှုများကို ကြုံတွေ့မှုများကြောင့် နိုင်ငံတော် အစိုးရနှင့်တပ်မတော်တို့အား အကြပ်အတည်း ဖြစ်စေရေး အများပြည်သူအသုံးပြုသွားလာလျက်ရှိသည့် စစ်တွေ-ရန်ကုန် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မင်းပြား၊ ရာမောင်တံတားအနီးတစ်ဝိုက်ရှိ ပွိုင့်-၁၁၄ တောင်ကုန်း တွင်နေရာယူကာ လမ်းပန်းဆက်သွယ်မှုအား ပြတ်တောက်စေရန် နှောင့်ယှက်တိုက်ခိုက်မှုများစသည့် အကြမ်း ဖက်လုပ်ရပ်များအား ဆက်လက်ဆောင်ရွက်ခဲ့ရာ COVID-19 ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင် တို့ဖတ် နမူနာများကို ရန်ကုန်မြို့ သို့ ပို့ဆောင်စစ်ဆေးရန် ထွက်ခွာလာသည့် WHO မှ UN တံဆိပ်ပါ မော်တော်ယာဉ်အား ဧပြီ ၂၀ ရက် ညနေပိုင်းတွင် လည်းကောင်း၊ CPS ပိုးသတ်ဆေး ကုမ္ပဏီမှ ဆေးပစ္စည်း များ တင်ဆောင်လာသည့်ယာဉ်အား ဧပြီ ၂၁ ရက် နေ့လည်ပိုင်းတွင်လည်းကောင်း အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်များနှင့် ကိုယ်ပိုင်မော်တော်ယာဉ်များကိုလည်း အကြောင်း မဲ့ပစ်ခတ်ခြင်း၊ ခြိမ်းခြောက်ခြင်းဖြင့် ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်မှုများကို အကြိမ်ကြိမ်ဆောင် ရွက်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယင်းသို့ ပြည်သူလူထုသွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့မှုများ ဆောင်ရွက် လျက်ရှိသောကြောင့် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ ဝင်များက အဆိုပါနေရာတစ်ဝိုက်အား ဧပြီ ၂၀ ရက်မှစတင်၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ပွိုင့်-၁၁၄ တောင်ကုန်းအနီးရှိ ၎င်းတို့အခိုင်အမာနေရာယူထားသည့် နေရာ ၅ နေရာကို အဆင့်ဆင့်သိမ်းပိုက်ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ်သက်စွန့်ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် မေ ၈ရက် ညနေ ၅ နာရီခန့်တွင် ၎င်းတို့နေရာယူထားရှိသည့် ပွိုင့်-၁၁၄ တောင်ကုန်းကို သိမ်းပိုက်ရရှိခဲ့သည်။

ဖြစ်စဉ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်း ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PeopleMedia #မင်းပြား #AA #တပ်မတော်

မင်းပြားမြို့နယ်၊ရာမောင်တံတားအနီး ပွိုင့်-၁၁၄ တောင်ကုန်း၌ နေရာယူ တပ်စွဲထားသည့် AA စခန်းကုန်းကို တပ်မတော်သိမ်းပိုက်၊AA အလောင်းနှင့်လက်နက်များ တပ်မတော်ရရှိ
……………………………………………………………………………………

ရန်ကုန်၊ မေ – ၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းအနီး စိုးမိုးတောင်ကုန်းဖြစ်သည့် ပွိုင့်-၁၁၄ နေရာ၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ခြေကုတ် စခန်းတစ်ခုကို မေ ၈ ရက် ညနေ ၅ နာရီခန့် တွင် တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့သည်။

ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယခုနှစ် မတ်လ မှစတင်၍ ပလက်ဝမြို့ကို ဖြတ်တောက် ပိတ်ဆို့ရန် ကျောက်တော်-ပလက်ဝလမ်းကြောင်း၊ မတူပီ-ဆမီး-ပလက်ဝ လမ်းကြောင်းများကို ဖြတ်တောက် ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းကြောင်းပွင့်စေရေးအတွက် လုံခြုံရေး လုပ်ငန်းများကို တပ်မတော်က ဆောင်ရွက်ခဲ့ရသည်။