• Follow Us on

Home မင်းပြားမြို့၊ဖားပြိုကျေးရွာအနီးတိုက်ပွဲ၌ တပ်ဖွဲ့ဝင် (၆) ဦးခန့် အဆက်အသွယ် မရရှိသေးကြောင်း တပ်မတော်ဆို၊တိုက်ပွဲအတွင်း တပ်မတော်သား (၆)ဦး ဖမ်းမိထားကြောင်း AA ထုတ်ပြန်


Share this post







[Unicode]
#တိုက်ပွဲအတွင်းတပ်မတော်သား၆ဦးကိုAAဖမ်းဆီး

မင်းပြားမြို့၊ဖားပြိုကျေးရွာအနီးတိုက်ပွဲ၌ တပ်ဖွဲ့ဝင် (၆) ဦးခန့် အဆက်အသွယ် မရရှိသေးကြောင်း တပ်မတော်ဆို၊တိုက်ပွဲအတွင်း တပ်မတော်သား (၆)ဦး ဖမ်းမိထားကြောင်း AA ထုတ်ပြန်
…………………………………………………………………..

ရန်ကုန်၊ဇူလိုင်-၂၄(PeopleMedia)

ရခိုင်ပြည်နယ်၊မင်းပြားမြို့၊ဖားပြိုကျေးရွာအနီး တိုက်ပွဲ၌ တပ်ဖွဲ့ဝင် (၆) ဦးခန့် အဆက်အသွယ် မရရှိသေးကြောင်း တပ်မတော်က ပြောဆိုလိုက်ပြီး အဆိုပါ တိုက်ပွဲအတွင်း တပ်မတော်သား (၆)ဦး ဖမ်းမိထားတယ်လို့ AA ထုတ်ပြန်ထားပါတယ်။

ဖားပြိုကျေးရွာအနီးတိုက်ပွဲ၌ တပ်မတော်၏ လက်နက်အချို့နှင့်အတူ တပ်မတော်သား(၆)ဦး ဖမ်းမိထားတယ်လို့ AA အဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ထိုကဲ့သို့ AA ထုတ်ပြန်ချက်နှင့် ပတ်သက်၍ PeopleMedia က တပ်မတော်သတင်းမှန်းပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းရာတွင် ဖားပြိုရွာအနီးတိုက်ပွဲ၌ တပ်မတော်သား ၆ ဦးခန့် ပျောက်ဆုံးနေတာရှိတယ်လို့ အတည်ပြု့ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ AA လှုပ်ရှားနယ်မြေများကို အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးများ ပြု့လုပ်သွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။

#PeopleMedia #မင်းပြားမြို့ #ဖားပြိုရွာ #Peace


Share this post