• Follow Us on

Home မင္းျပားၿမိဳ႕၌ တပ္မေတာ္ႏွင့္ AA တုိက္ပြဲျပင္းထန္ ႏွစ္ဖက္ ထိခုိက္က်ဆုံးမႈမ်ားလာ၊ တပ္မေတာ္ပုိင္ လက္နက္ မ်ားကုိ သိမ္းဆည္းႏုိင္ခဲ့ေၾကာင္း AA ထုတ္ျပန္

မင္းျပားၿမိဳ႕၌ တပ္မေတာ္ႏွင့္ AA တုိက္ပြဲျပင္းထန္ ႏွစ္ဖက္ ထိခုိက္က်ဆုံးမႈမ်ားလာ၊ တပ္မေတာ္ပုိင္ လက္နက္ မ်ားကုိ သိမ္းဆည္းႏုိင္ခဲ့ေၾကာင္း AA ထုတ္ျပန္

Share this post

စစ္ေတြ၊ ေဖေဖာ္ဝါရီ – ၁၇

ရခုိင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၌ တပ္မေတာ္ႏွင့္ AA တုိက္ပြဲျပင္းထန္လွ်က္ရွိၿပီး ႏွစ္ဖက္ထိခုိက္က်ဆုံးမႈရွိလာ ေၾကာင္း ေဒသခံအဖြဲ႕အစည္းအခ်ဳိ႕က ဆုိပါတယ္။

မင္းျပားၿမိဳ႕နယ္၊ ဖားၿပိဳရြာအနီး၌ တပ္မေတာ္ႏွင့္ AA တုိက္ပြဲျဖစ္ပြားရာ၌ တပ္မေတာ္ပုိင္လက္နက္ခဲယမ္းႏွင့္ စစ္ အသုံးအေဆာင္မ်ားရရွိခဲ့ေၾကာင္း AA အဖြဲ႕က ေဖေဖာ္ဝါရီ (၁၆) ရက္၌ ထုတ္ျပန္မႈ ျပဳလုပ္ခဲ့ပါတယ္။

အလားတူ ဖားၿပိဳေက်းရြာတုိက္ပြဲ၌ တပ္မေတာ္အရာရွိအခ်ဳိ႕ က်ဆုံးမႈမ်ားရွိခဲ့ေၾကာင္း က်ဆုံးခဲ့သည့္ အရာရွိ မိသားစုမ်ားက PeopleMedia ကုိ ေျပာပါတယ္။

“ဒီရက္ပုိင္းပဲ က်သြားတာ။ ႏွစ္ပြင့္ပါ။ အျခားလည္း ထိခုိက္မႈရွိတယ္”ဟု က်ဆုံးအရာရွိႏွင့္ ေဆြမ်ဳိးေတာ္စပ္ သူက ဆုိပါတယ္။

ဖာၿပိဳေက်းရြာတုိက္ပြဲ၌ က်ဆုံးခဲ့သည့္ အရာရွိသည္ သမီးတစ္ေယာက္ရွိၿပီး တုိက္ပြဲေၾကာင္း က်ဆုံးမိသားစုဝင္ ႏွင့္ ေဆြးမ်ဳိးေတာ္စပ္သူက ေျပာပါတယ္။

#PeopleMedia #မင္းျပားတုိက္ပြဲ

(unicode)
မင်းပြားမြို့၌ တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန် နှစ်ဖက် ထိခိုက်ကျဆုံးမှုများလာ၊ တပ်မတော်ပိုင် လက်နက် များကို သိမ်းဆည်းနိုင်ခဲ့ကြောင်း AA ထုတ်ပြန်
…………………………………………………………

စစ်တွေ၊ ဖေဖော်ဝါရီ – ၁၇

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်လျှက်ရှိပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိလာ ကြောင်း ဒေသခံအဖွဲ့အစည်းအချို့က ဆိုပါတယ်။

မင်းပြားမြို့နယ်၊ ဖားပြိုရွာအနီး၌ တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ပိုင်လက်နက်ခဲယမ်းနှင့် စစ် အသုံးအဆောင်များရရှိခဲ့ကြောင်း AA အဖွဲ့က ဖေဖော်ဝါရီ (၁၆) ရက်၌ ထုတ်ပြန်မှု ပြုလုပ်ခဲ့ပါတယ်။

အလားတူ ဖားပြိုကျေးရွာတိုက်ပွဲ၌ တပ်မတော်အရာရှိအချို့ ကျဆုံးမှုများရှိခဲ့ကြောင်း ကျဆုံးခဲ့သည့် အရာရှိ မိသားစုများက PeopleMedia ကို ပြောပါတယ်။

“ဒီရက်ပိုင်းပဲ ကျသွားတာ။ နှစ်ပွင့်ပါ။ အခြားလည်း ထိခိုက်မှုရှိတယ်”ဟု ကျဆုံးအရာရှိနှင့် ဆွေမျိုးတော်စပ် သူက ဆိုပါတယ်။

ဖာပြိုကျေးရွာတိုက်ပွဲ၌ ကျဆုံးခဲ့သည့် အရာရှိသည် သမီးတစ်ယောက်ရှိပြီး တိုက်ပွဲကြောင်း ကျဆုံးမိသားစုဝင် နှင့် ဆွေးမျိုးတော်စပ်သူက ပြောပါတယ်။

#PeopleMedia #မင်းပြားတိုက်ပွဲ


Share this post