• Follow Us on

Home မင္းျပားၿမိဳ႕၌ AA လက္ခ်က္ေၾကာင့္ CPS ပိုးသတ္ေဆး ကုမၸဏီမွ ယာဥ္ေမာင္းေသဆုံး၊ယာဥ္အကူ ေဆး႐ုံေရာက္

မင္းျပားၿမိဳ႕၌ AA လက္ခ်က္ေၾကာင့္ CPS ပိုးသတ္ေဆး ကုမၸဏီမွ ယာဥ္ေမာင္းေသဆုံး၊ယာဥ္အကူ ေဆး႐ုံေရာက္

Share this post

ရန္ကုန္၊ ဧၿပီ- ၂၂(PeopleMedia)

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ဖားၿပိဳေက်း႐ြာအနီး အမ္းၿမိဳ႕မွ စစ္ေတြၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ CPS ပိုးသတ္ေဆး ကုမၸဏီမွ ေဆးပစၥည္းမ်ား တင္ေဆာင္လာေသာ ေမာ္ေတာ္ယာဥ္အား ယေန႔ေန႔လယ္ပိုင္းတြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ျဖစ္စဥ္မွာ အမ္းၿမိဳ႕မွ စစ္ေတြၿမိဳ႕ဘက္သို႔ CPS ပိုးသတ္ေဆးကုမၸဏီမွ ဝန္ထမ္းမ်ား ျဖစ္သည့္ ယာဥ္ေမာင္း ဦးႏြယ္ႏြယ္ေမာင္ ႏွင့္ ယာဥ္ေနာက္လိုက္ ေမာင္ဟိန္းထက္ဦး လိုက္ပါလာသည့္ CPS ပိုးသတ္ေဆး ကုမၸဏီမွ ေဆးပစၥည္းမ်ား တင္ေဆာင္လာသည့္ Hijet အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား ဧၿပီ ၂၁ရက္ ေန႔ ၁ နာရီခန႔္တြင္ ဖားၿပိဳေက်း႐ြာ၏ ေတာင္ဘက္ မီတာ ၅၀၀ ခန႔္အကြာသို႔အေရာက္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ အဆိုပါပစ္ခတ္မႈေၾကာင့္ ယာဥ္ေမာင္းျဖစ္သူမွာ နဖူးသို႔ လက္နက္ငယ္က်ည္ထိမွန္ ေသဆုံးခဲ့ၿပီး ေမာင္ဟိန္းထက္ဦး မွာလည္း ဝမ္းဗိုက္သို႔ လက္နက္ငယ္က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္းႏွင့္ ေမာ္ေတာ္ယာဥ္မွာ လမ္း၏ အေနာက္ဘက္ရွိ သစ္ပင္အားဝင္တိုက္၍ တိမ္းေမွာက္မႈျဖစ္ပြားခဲ့သည္။

အဆိုပါျဖစ္စဥ္ေနရာသို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္၍ လိုအပ္သည္ မ်ား ကူညီေဆာင္႐ြက္ေပးၿပီး ဒဏ္ရာရရွိသူ ေမာင္ဟိန္းထက္ဦး အား မင္းျပားျပည္သူ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူေစလ်က္ရွိသည္။

အလားတူ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက AA အဖြဲ႕၏ လက္ခ်က္ေၾကာင့္ WHO ဝန္ထမ္းတစ္ဦး ေသဆုံးခဲ့သည္။

#PeopleMedia

မင်းပြားမြို့၌ AA လက်ချက်ကြောင့် CPS ပိုးသတ်ဆေး ကုမ္ပဏီမှ ယာဉ်မောင်းသေဆုံး၊ယာဉ်အကူ ဆေးရုံရောက်

ရန်ကုန်၊ ဧပြီ- ၂၂(PeopleMedia)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီး အမ်းမြို့မှ စစ်တွေမြို့ဘက်သို့ မောင်းနှင်လာသည့် CPS ပိုးသတ်ဆေး ကုမ္ပဏီမှ ဆေးပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်အား ယနေ့နေ့လယ်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖြစ်စဉ်မှာ အမ်းမြို့မှ စစ်တွေမြို့ဘက်သို့ CPS ပိုးသတ်ဆေးကုမ္ပဏီမှ ဝန်ထမ်းများ ဖြစ်သည့် ယာဉ်မောင်း ဦးနွယ်နွယ်မောင် နှင့် ယာဉ်နောက်လိုက် မောင်ဟိန်းထက်ဦး လိုက်ပါလာသည့် CPS ပိုးသတ်ဆေး ကုမ္ပဏီမှ ဆေးပစ္စည်းများ တင်ဆောင်လာသည့် Hijet အမျိုးအစား မော်တော်ယာဉ်အား ဧပြီ ၂၁ရက် နေ့ ၁ နာရီခန့်တွင် ဖားပြိုကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀ ခန့်အကွာသို့အရောက် AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ နဖူးသို့ လက်နက်ငယ်ကျည်ထိမှန် သေဆုံးခဲ့ပြီး မောင်ဟိန်းထက်ဦး မှာလည်း ဝမ်းဗိုက်သို့ လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် မော်တော်ယာဉ်မှာ လမ်း၏ အနောက်ဘက်ရှိ သစ်ပင်အားဝင်တိုက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည် များ ကူညီဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိသူ မောင်ဟိန်းထက်ဦး အား မင်းပြားပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက AA အဖွဲ့၏ လက်ချက်ကြောင့် WHO ဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်။

#PeopleMedia


Share this post