• Follow Us on

Home မင္းျပားၿမိဳ႕ ရာေမာင္တံတားအနီး၌ တပ္မေတာ္ယာဥ္တန္းကုိ AA အဖြဲ႕ မွ (၆)ေနရာခြဲ၍ စုေပါင္းတုိက္ခုိက္၊ ထိခုိက္ဒဏ္ရာရမႈ ျဖစ္ေပၚ

မင္းျပားၿမိဳ႕ ရာေမာင္တံတားအနီး၌ တပ္မေတာ္ယာဥ္တန္းကုိ AA အဖြဲ႕ မွ (၆)ေနရာခြဲ၍ စုေပါင္းတုိက္ခုိက္၊ ထိခုိက္ဒဏ္ရာရမႈ ျဖစ္ေပၚ

Share this post

ရန္ကုန္၊ ဇူလုိင္ -၂၁

မင္းျပားၿမိဳ႕ ရာေမာင္တံတားအနီး၌ တပ္မေတာ္ယာဥ္တန္းကုိ AA အဖြဲ႔မွ (၆)ေနရာခြဲ၍ စုေပါင္းတုိက္ခုိက္ခဲ့ မႈေၾကာင့္ တပ္မေတာ္သားမ်ား ထိခုိက္ဒဏ္ရာရရွိခဲ့သည္။ ျဖစ္စဥ္မွ ရန္ကုန္-စစ္ေတြ ကားလမ္းမႀကီးအတိုင္း မင္းျပားၿမိဳ႕မွ ကမ္းနီဘက္သို႔ သင္တန္းသား အရာရွိ၊ စစ္သည္မ်ား စီးနင္းလာေသာ တပ္မေတာ္အုပ္ခ်ဳပ္မႈ ယာဥ္တန္းတစ္ခုကို AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားကဇြန္(၂၀)ရက္ ည ၉ နာရီခန႔္တြင္ ရာေမာင္ တံတားႏွင့္ ကမ္းနီၾကား ေတာင္ပုတ္ေကေက်း႐ြာအနီး ေနရာ ၆ ေနရာမွ အလစ္အငိုက္ ေခ်ာင္းေျမာင္းပစ္ခတ္ တိုက္ခိုက္ခဲ့သည္။

တပ္မေတာ္ယာဥ္တန္း ေခ်ာင္းေျမာင္းပစ္ခတ္တိုက္ခိုက္ခဲ့ရသည္ေနရာသုိ႔ သို႔ တပ္မေတာ္စစ္ေၾကာင္းမ်ားက အခ်ိန္မီသြားေရာက္ ပူးေပါင္း၍ စစ္ကူပစ္ကူေဆာင္႐ြက္ေပးခဲ့ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

AA အဖြဲ႕၏ ေခ်ာင္းေျမာင္းပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ တပ္မေတာ္မွ ထိခုိက္ဒဏ္ရာမႈရွိခဲ့ၿပီး အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားအား တပ္မေတာ္အေနျဖင့္ အၾကမ္းဖက္ႏွိမ္နင္းမႈမ်ား ဆက္လက္ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္သည္။

Photo – credit

#PeopleMedia #AA #တပ္မေတာ္ #မင္းျပား

(Unicode)
မင်းပြားမြို့ ရာမောင်တံတားအနီး၌ တပ်မတော်ယာဉ်တန်းကို AA အဖွဲ့ မှ (၆)နေရာခွဲ၍ စုပေါင်းတိုက်ခိုက်၊ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်
…………………………………………………

ရန်ကုန်၊ ဇူလိုင် -၂၁

မင်းပြားမြို့ ရာမောင်တံတားအနီး၌ တပ်မတော်ယာဉ်တန်းကို AA အဖွဲ့မှ (၆)နေရာခွဲ၍ စုပေါင်းတိုက်ခိုက်ခဲ့ မှုကြောင့် တပ်မတော်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဖြစ်စဉ်မှ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း မင်းပြားမြို့မှ ကမ်းနီဘက်သို့ သင်တန်းသား အရာရှိ၊ စစ်သည်များ စီးနင်းလာသော တပ်မတော်အုပ်ချုပ်မှု ယာဉ်တန်းတစ်ခုကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကဇွန်(၂၀)ရက် ည ၉ နာရီခန့်တွင် ရာမောင် တံတားနှင့် ကမ်းနီကြား တောင်ပုတ်ကေကျေးရွာအနီး နေရာ ၆ နေရာမှ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည်။

တပ်မတော်ယာဉ်တန်း ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရသည်နေရာသို့ သို့ တပ်မတော်စစ်ကြောင်းများက အချိန်မီသွားရောက် ပူးပေါင်း၍ စစ်ကူပစ်ကူဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

AA အဖွဲ့၏ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်မတော်မှ ထိခိုက်ဒဏ်ရာမှုရှိခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများအား တပ်မတော်အနေဖြင့် အကြမ်းဖက်နှိမ်နင်းမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

Photo – credit

#PeopleMedia #AA #တပ်မတော် #မင်းပြား


Share this post