• Follow Us on
Latest News

Home မင်္ဂလာတောင်ညွန့် မြို့နယ် NLD ပါတီရုံးခန်းတချို့ ဖျက်ဆီးခံရ

မင်္ဂလာတောင်ညွန့် မြို့နယ် NLD ပါတီရုံးခန်းတချို့ ဖျက်ဆီးခံရ

Share this post

ရန်ကုန်၊ မတ် ၁၇ (People Media)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH အဖွဲ့အား တည်ထောင်မှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် မင်္ဂလာတောင်ညွန့် မြိုနယ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြုဖြုသင်း၏ NLD ပါတီ ရုံးခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် တပ်မတော်သားများ လာရောက်ကာ ဖျက်ဆီးမှုများပြုလုပ်ခဲကြောင်း ဒေါ်ဖြုဖြုသင်းနှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။

အဆိုပါ ရုံးခန်းသည် ပြည်သူလွှတ်တော်ကိုယ်စားလှယ်၏ ရုံးခန်းဖြစ်ပြီး ရုံးခန်းသို့ လာရောက်ရှာဖွေခြင်းအကြောင်းအရင်းပြောဆိုခြင်းမရှိခဲကြောင်း ယင်းသို့ ရှာဖွေခဲ့သော်လည်းလူပုဂ္ဂိုလ်တချို့ကို ဖမ်းဆီးမှုများ ပြုလုပ်ခြင်းမရှိခဲ့သည့် အပြင် ပစ္စည်းများကိုလဲ ယူဆောင်သွားခြင်းမရှိခဲ့ကြောင်း နီးစပ်သူတစ်ဦးက အတည်ပြုသည်။

” ညက လာဖျက်သွားတာ ဘာကြောင့်ဖျက်တယ်ဆိုတာကိုတော့ မပြောတက်ဘူး ပစ္စည်းပျောက်ဆုံးတာလဲမရှိဘူး အဲ့ဒီအခန်းက လူလဲမနေဘူး ဖျက်ဆီးရုံသက်သက်လုပ်တာ”ဟု ဟု အထက်ပါသတင်းအရင်းမြစ်က ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများ အရှိန်မြှင့်လာသည် နှင့်အမျှ တပ်မတော်သားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့နယ်များအလိုက် ရှာဖွေဖမ်းဆီးမှုများ ကိုပြုလုပ်လျက်ရှိပြီး ယင်းသို့ရှာဖမ်းဆီးသော်လည်း ဖမ်းဆီးနိုင်မှုမရှိသေးသည့် လူပုဂ္ဂိုလ်တချို့ကို ဖမ်းဝရမ်းထုတ်ထားသည်။

#PeopleMedia #ဒေါ်ဖြုဖြုသင်း


Share this post