• Follow Us on

Home မစ္ဇိုင္းဒံုးတုိက္ခိုက္မႈမ်ားကို အစၥေရးေလေၾကာင္းကာကြယ္ေရးစနစ္ မခုခံႏုိင္ဟု တ႐ုတ္ဆို

မစ္ဇိုင္းဒံုးတုိက္ခိုက္မႈမ်ားကို အစၥေရးေလေၾကာင္းကာကြယ္ေရးစနစ္ မခုခံႏုိင္ဟု တ႐ုတ္ဆို

Share this post

လတ္တေလာေန႔ေတြမွာ အစၥေရးေလေၾကာင္းကာကြယ္ေရးစနစ္က မစ္ဇိုင္းဒံုးတိုက္ခိုက္မႈေတြကို မကာကြယ္ႏုိင္ခဲ့ဘူးလို႔ တ႐ုတ္ႏိုင္ငံက ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံက သတင္းမီဒီယာေတြဟာ အစၥေရးႏုိင္ငံရဲ႕ ေလကာစနစ္စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး စိတ္၀င္စားလ်က္ရွိေနပါတယ္။

လတ္တေလာ ဟားမက္အၾကမ္းဖက္အဖြဲ႕က ရာနဲ႔ခ်ီပစ္ခတ္ခဲ့တဲ့ ေရာ့ကတ္ဒံုးေတြဟာ အစၥေရးရဲ႕ကာကြယ္ ေရးစနစ္ကို ဖယိုဖရဲျဖစ္ေစခဲ့တာျဖစ္ပါတယ္။

အစၥေရးမစ္ဇိုင္းကာကြယ္ေရးစနစ္ဟာ ေထာက္လွမ္းပစ္ခ်ဖို႔အတြက္ အခ်ိန္ ၃၀ စကၠန္႔ၾကာျမင့္ၿပီး ဂါဇာက ပစ္ ခတ္တဲ့ မစ္ဇိုင္းေတြဟာ အစၥေရးပိုင္နက္ကို ေရာက္ရွိဖို႔ အခ်ိန္ ၁၅ကေန ၂၀ စကၠန္႔သာ ၾကာျမင့္ခဲ့တယ္လို႔ အစၥေရးစစ္တပ္က ၀န္ခံထားပါတယ္။

တ႐ုတ္ႏုိင္ငံ သတင္းမီဒီယာတစ္ခုက ဟားမက္အၾကမ္းဖက္အဖြဲ႕ရဲ႕ ေနာက္ထပ္အားသားခ်က္တစ္ခုကေတာ့ မစ္ဇိုင္းေတြရဲ႕ ကုန္က်စရိတ္ျဖစ္တယ္လို႔ ေထာက္ျပခဲ့ပါတယ္။

ဟားမက္ေတြပစ္ခဲ့တဲ့ မစ္ဇိုင္းဒံုးေတြဟာ ေဒၚလာေထာင္ဂဏန္းသာ က်သင့္ေပမယ့္ အစၥေရးရဲ႕ ၾကားျဖတ္မစ္ ဇိုင္းေတြရဲ႕တန္ဖိုးက ေဒၚလာသိန္းဂဏန္းေလာက္က်သင့္ေနတယ္လို႔ ေထာက္ျပခဲ့ပါတယ္။

ဒါေၾကာင့္ အစၥေရးရဲ႕ေလကာစနစ္ဟာ အျပည့္အ၀ကာကြယ္မႈမေပးႏုိင္တဲ့အတြက္ ႏိုင္ငံေရးနဲ႔ သံတမန္ေရး နည္းလမ္းေတြကိုပါ အသံုးျပဳရဖို႔ရွိေနၿပီး ဒီလိုမွမဟုတ္ရင္ေတာ့ အစၥေရးႏုိင္ငံအေနနဲ႔ ေလေၾကာင္းကာစနစ္ ေတြပံုထားရင္ေတာင္ ျပည္သူေတြကို လံုၿခံဳမႈေပးႏုိင္မွာ မဟုတ္ဘူးလို႔ တ႐ုတ္မီဒီယာတစ္ခုက ေဖာ္ျပခဲ့တဲ့ ေဆာင္းပါးမွာ သံုးသပ္ေရးသားထားပါတယ္။

Ref; https://bulgarianmilitary.com/

#PeopleMedia #International

(Unicode)
မစ်ဇိုင်းဒုံးတိုက်ခိုက်မှုများကို အစ္စရေးလေကြောင်းကာကွယ်ရေးစနစ် မခုခံနိုင်ဟု တရုတ်ဆို
……………………………………………………………

လတ်တလောနေ့တွေမှာ အစ္စရေးလေကြောင်းကာကွယ်ရေးစနစ်က မစ်ဇိုင်းဒုံးတိုက်ခိုက်မှုတွေကို မကာကွယ်နိုင်ခဲ့ဘူးလို့ တရုတ်နိုင်ငံက ပြောပါတယ်။

တရုတ်နိုင်ငံက သတင်းမီဒီယာတွေဟာ အစ္စရေးနိုင်ငံရဲ့ လေကာစနစ်စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလျက်ရှိနေပါတယ်။

လတ်တလော ဟားမက်အကြမ်းဖက်အဖွဲ့က ရာနဲ့ချီပစ်ခတ်ခဲ့တဲ့ ရော့ကတ်ဒုံးတွေဟာ အစ္စရေးရဲ့ကာကွယ် ရေးစနစ်ကို ဖယိုဖရဲဖြစ်စေခဲ့တာဖြစ်ပါတယ်။

အစ္စရေးမစ်ဇိုင်းကာကွယ်ရေးစနစ်ဟာ ထောက်လှမ်းပစ်ချဖို့အတွက် အချိန် ၃၀ စက္ကန့်ကြာမြင့်ပြီး ဂါဇာက ပစ် ခတ်တဲ့ မစ်ဇိုင်းတွေဟာ အစ္စရေးပိုင်နက်ကို ရောက်ရှိဖို့ အချိန် ၁၅ကနေ ၂၀ စက္ကန့်သာ ကြာမြင့်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဝန်ခံထားပါတယ်။

တရုတ်နိုင်ငံ သတင်းမီဒီယာတစ်ခုက ဟားမက်အကြမ်းဖက်အဖွဲ့ရဲ့ နောက်ထပ်အားသားချက်တစ်ခုကတော့ မစ်ဇိုင်းတွေရဲ့ ကုန်ကျစရိတ်ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

ဟားမက်တွေပစ်ခဲ့တဲ့ မစ်ဇိုင်းဒုံးတွေဟာ ဒေါ်လာထောင်ဂဏန်းသာ ကျသင့်ပေမယ့် အစ္စရေးရဲ့ ကြားဖြတ်မစ် ဇိုင်းတွေရဲ့တန်ဖိုးက ဒေါ်လာသိန်းဂဏန်းလောက်ကျသင့်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။

ဒါကြောင့် အစ္စရေးရဲ့လေကာစနစ်ဟာ အပြည့်အဝကာကွယ်မှုမပေးနိုင်တဲ့အတွက် နိုင်ငံရေးနဲ့ သံတမန်ရေး နည်းလမ်းတွေကိုပါ အသုံးပြုရဖို့ရှိနေပြီး ဒီလိုမှမဟုတ်ရင်တော့ အစ္စရေးနိုင်ငံအနေနဲ့ လေကြောင်းကာစနစ် တွေပုံထားရင်တောင် ပြည်သူတွေကို လုံခြုံမှုပေးနိုင်မှာ မဟုတ်ဘူးလို့ တရုတ်မီဒီယာတစ်ခုက ဖော်ပြခဲ့တဲ့ ဆောင်းပါးမှာ သုံးသပ်ရေးသားထားပါတယ်။

Ref; https://bulgarianmilitary.com/

#PeopleMedia #International


Share this post