• Follow Us on
Latest News

Home မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသား ရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ န-စ-ကဥက္ကဋ္ဌ ပြော ကြား

မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသား ရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ န-စ-ကဥက္ကဋ္ဌ ပြော ကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၃ (People Media)

 

နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုး သားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်း သွား ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြာခဲ့သည်။

 

တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည့် အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် မိမိတို့ တပ်မတော်သားများ အမြဲတမ်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမည့် အမျိုးသားရေးတာဝန်ပင်ဖြစ်ကြောင်း၊ အမျိုးသားရေးဆိုသည်မှာ တစ်မျိုးသား လုံး၏ အကျိုးစီးပွားနှင့် ဘာသာ၊ သာသနာ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ကာ ကွယ်စောင့်ရှောက်ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

ယနေ့အချိန်တွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ပြီး အဖွဲ့အစည်းတစ်ခု တိုးတက် အောင်မြင်ရေးအတွက် စည်းလုံးညီညွတ်မှုရှိရန်မရှိမဖြစ်လို အပ်ကြောင်း၊ မိမိတို့ တပ်မတော်သားမိသားစုများက မိမိတို့၏နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အခြေခံပြီး တပ်တွင်း စည်းလုံးညီညွတ်ရေးကို ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်ထားကြရမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံး ညီညွတ်ရေးကို တည်ဆောက်ရာတွင် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်ဟူသည့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်နှင့်အညီ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်း ကလည်း ရဲဘော်အချင်းချင်းအပေါ် ထားရှိရမည့်မေတ္တာတရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိမှုတရား ဟူသည့်ရဲဘော်စိတ်ကို ထာဝစဉ်မွေးမြူထားရမည်ဖြစ်ကြောင်း၊ သို့မှသာ ကျစ်လျစ်ခိုင်မာသည့် တပ်တွင်းစည်း လုံးညီညွတ်ရေးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြော သည်။

 

နိုင်ငံတော်ကာကွယ်ရေး ဟူသည့်နေရာတွင် သာမန်အားဖြင့် နိုင်ငံတော်ကိုထိပါးလာမည့် ပြည်တွင်း/ပြည်ပ အန္တရာယ်များကို ကာကွယ်ချေမှုန်း တိုက်ခိုက်သွားရန် ဖြစ်သော်လည်း ယနေ့ခေတ်အချိန်ကာလတွင်မူ စစ် ရေးနည်းလမ်းသာမက နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးအရ ပိတ်ဆို့မှု၊ သတင်းမှားများဖြန့်ချိမှု၊ ယဉ်ကျေးမှုအရ ထိုးဖောက်ဝင်ရောက်မှုစသည့် အန္တရာယ်များကိုပါ ကာကွယ်နိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူအတွက်အားဖြစ်ပြီး နိုင်ငံအတွက် အရေးကြုံပါက အမြဲတမ်းအဆင်သင့်ရှိနေသည့် အခိုင်အမာဆုံး Institution တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နစက #ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်_၈

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post