• Follow Us on

Home မည္သည့္ေနရာတြင္႐ွိသည္ျဖစ္ေစ ဘဂၤါလီမ်ားကို ကူညီရန္ ကုလသမဂၢကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး တိုက္တြန္း

မည္သည့္ေနရာတြင္႐ွိသည္ျဖစ္ေစ ဘဂၤါလီမ်ားကို ကူညီရန္ ကုလသမဂၢကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး တိုက္တြန္း

Share this post

ဒါကာ၊ ဒီဇင္ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘဂၤလားေဒ့႐ွ္ႏိုင္ငံတြင္ ကုလသမဂၢလုပ္ငန္းလည္ပတ္မႈအေျခခံအတိုင္း ဘာ႐ွန္ခ်ားကၽြန္းမွဘဂၤါလီ (မူရင္းတြင္ ႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို ကုညီသင့္ေၾကာင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး ေအေက အဗၺဒူ မိုမန္က တနလၤာေန႔တြင္ေျပာသည္။

ဘာ႐ွန္ခ်ားမွဘဂၤါလီမ်ားကို လက္႐ွိတြင္ ဘဂၤလားေဒ့႐ွ္အစိုးရက အစားအစာမ်ားေထာက္ပံ့ေနေသာ္လည္း ဘဂၤါလီမ်ားကိုကူညီရန္ ကုလသမဂၢေအဂ်င္စီမ်ားေ႐ွ႕ထြက္လာမည္ဟုေမွ်ာ္လင့္ေၾကာင္းလည္းေျပာသည္။

ဘဂၤါလီမ်ားကို ဘာ႐ွန္ခ်ားသို႔ေျပာင္းေ႐ႊ႕ေနရာခ်ျခင္းသည္ ျမန္မာႏိုင္ငံသို႔ေနရပ္ျပန္ေရးလုပ္ငန္းမ်ားအေပၚ သက္ေရာက္မႈ႐ွိမည္မဟုတ္ဟုလည္း မိုမန္ကေျပာသည္။ ဘာ႐ွန္ခ်ားသို႔ေျပာင္းေ႐ႊ႕ျခင္းသည္ ယာယီသေဘာ တူညီခ်က္သာျဖစ္ၿပီး ဘဂၤါလီမ်ားေနရပ္ျပန္ေရးသည္ အၿမဲတမ္းတည္ၿမဲသည့္အေျဖျဖစ္ေၾကာင္း မိုမန္ကေျပာ သည္။

လက္႐ွိေ႐ႊ႕ေျပာင္းေနျခင္းအေပၚေ၀ဖန္ေနသူမ်ားသည္ ဘာ႐ွန္ခ်ားကၽြန္းႏွင့္အေဆာက္အအံုမ်ားအေၾကာင္း အနည္းအက်ဥ္းသာသိထားၾကသည္ဟုလည္း ေျပာသည္။

ေျပာင္းေ႐ႊ႕ခ်င္သည့္ဘဂၤါလီမ်ားကိုသာ ေ႐ႊ႕ေျပာင္းေနျခင္းျဖစ္သည္ဟုလည္း အသိေပးသည္။

ကုလသမဂၢေအဂ်င္စီမ်ားက ဘဂၤလားေဒ့႐ွ္ႏွင့္ဘဂၤါလီမ်ားအမည္ကိုသံုးၿပီး ရန္ပံုေငြမ်ားထူေထာင္၊ သုံးစြဲခဲ့ေသာ္လည္း မည္သို႔အသံုးျပဳေၾကာင္းမသိရဘဲ သံုးစြဲရာတြင္ ပြင့္လင္းျမင္သာမႈ႐ွိေၾကာင္း ေမးခြန္းထုတ္စရာျဖစ္လာသည္ဟုလည္းေျပာသည္။
ဘာ႐ွန္ခ်ားကၽြန္းတြင္ ေနရာထိုင္ခင္းမ်ားအတြက္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက အေမရိကန္ေဒၚလာသန္း ၃၅၀ ရင္းႏွီးႁမွဳပ္ႏွံထားသည္။

ထိုကၽြန္းသို႔ ေကာ့က္စ္ဘဇားခ႐ိုင္မွလူသူႁပြတ္သိပ္ေနေသာစခန္းမ်ားတြင္ ေနထိုင္သည့္ ဘဂၤါလီ ၁၁ သိန္း အနက္မွ ၁ သိန္းကို ေျပာင္းေ႐ႊ႕ရန္စီစဥ္ထားသည္။

စခန္းမ်ားတြင္ ေျမၿပိဳျခင္းႏွင့္အျခားမလိုလားေသာအႏၲရာယ္မ်ားမျဖစ္ေစရန္ ေျပာင္းေရႊ႕ျခင္းျဖစ္သည္ဟု ဘဂၤလားေဒ့႐ွ္အစိုးရကေျပာသည္။

Ref : UN should help Rohingyas in Bhasan Char as per mandate: FM

#PeopleMedia

(unicode)
မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ဘင်္ဂါလီများကို ကူညီရန် ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
…………………………………………………….

ဒါကာ၊ ဒီဇင်ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုလသမဂ္ဂလုပ်ငန်းလည်ပတ်မှုအခြေခံအတိုင်း ဘာရှန်ချားကျွန်းမှဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ)များကို ကုညီသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်က တနင်္လာနေ့တွင်ပြောသည်။

ဘာရှန်ချားမှဘင်္ဂါလီများကို လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက အစားအစာများထောက်ပံ့နေသော်လည်း ဘင်္ဂါလီများကိုကူညီရန် ကုလသမဂ္ဂအေဂျင်စီများရှေ့ထွက်လာမည်ဟုမျှော်လင့်ကြောင်းလည်းပြောသည်။

ဘင်္ဂါလီများကို ဘာရှန်ချားသို့ပြောင်းရွှေ့နေရာချခြင်းသည် မြန်မာနိုင်ငံသို့နေရပ်ပြန်ရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ဟုလည်း မိုမန်ကပြောသည်။ ဘာရှန်ချားသို့ပြောင်းရွှေ့ခြင်းသည် ယာယီသဘော တူညီချက်သာဖြစ်ပြီး ဘင်္ဂါလီများနေရပ်ပြန်ရေးသည် အမြဲတမ်းတည်မြဲသည့်အဖြေဖြစ်ကြောင်း မိုမန်ကပြော သည်။

လက်ရှိရွှေ့ပြောင်းနေခြင်းအပေါ်ဝေဖန်နေသူများသည် ဘာရှန်ချားကျွန်းနှင့်အဆောက်အအုံများအကြောင်း အနည်းအကျဉ်းသာသိထားကြသည်ဟုလည်း ပြောသည်။

ပြောင်းရွှေ့ချင်သည့်ဘင်္ဂါလီများကိုသာ ရွှေ့ပြောင်းနေခြင်းဖြစ်သည်ဟုလည်း အသိပေးသည်။

ကုလသမဂ္ဂအေဂျင်စီများက ဘင်္ဂလားဒေ့ရှ်နှင့်ဘင်္ဂါလီများအမည်ကိုသုံးပြီး ရန်ပုံငွေများထူထောင်၊ သုံးစွဲခဲ့သော်လည်း မည်သို့အသုံးပြုကြောင်းမသိရဘဲ သုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိကြောင်း မေးခွန်းထုတ်စရာဖြစ်လာသည်ဟုလည်းပြောသည်။
ဘာရှန်ချားကျွန်းတွင် နေရာထိုင်ခင်းများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမေရိကန်ဒေါ်လာသန်း ၃၅၀ ရင်းနှီးမြှုပ်နှံထားသည်။

ထိုကျွန်းသို့ ကော့က်စ်ဘဇားခရိုင်မှလူသူပြွတ်သိပ်နေသောစခန်းများတွင် နေထိုင်သည့် ဘင်္ဂါလီ ၁၁ သိန်း အနက်မှ ၁ သိန်းကို ပြောင်းရွှေ့ရန်စီစဉ်ထားသည်။

စခန်းများတွင် မြေပြိုခြင်းနှင့်အခြားမလိုလားသောအန္တရာယ်များမဖြစ်စေရန် ပြောင်းရွှေ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရကပြောသည်။

Ref : UN should help Rohingyas in Bhasan Char as per mandate: FM

#PeopleMedia


Share this post