• Follow Us on

Home မတရားျပဳက်င့္ျခင္းကို မခံႏိုင္သျဖင့္ ေယာက်ၤားျဖစ္သူကို မိန္းမျဖစ္သူက မိသားစုႏွင့္ ဝိုင္း၀န္းတိုင္ပင္ကာ သတ္ျဖတ္

မတရားျပဳက်င့္ျခင္းကို မခံႏိုင္သျဖင့္ ေယာက်ၤားျဖစ္သူကို မိန္းမျဖစ္သူက မိသားစုႏွင့္ ဝိုင္း၀န္းတိုင္ပင္ကာ သတ္ျဖတ္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မတရားျပဳက်င့္ျခင္းကို မခံႏိုင္သျဖင့္ ေယာက်ၤားျဖစ္သူကို မိန္းမျဖစ္သူက မိသားစုႏွင့္ ဝိုင္း၀န္းတိုင္ပင္ကာ သတ္ျဖတ္မႈ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကန္႔ဘလူၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန၏ လူမႈကြန္ယက္သတင္းစာမ်က္နာတြင္ ဒီဇင္ဘာ ၁၇ ရက္ေန႔ သတင္းထုတ္ထားသည္။

အဆိုပါျဖစ္စဥ္မွာ အစ္ကိုျဖစ္သူေပ်ာက္ဆုံးေန၍ ညီမျဖစ္သူက ကူညီစုံစမ္းေပးရန္ ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလ ၁၄ ရက္ေန႔တြင္ ရဲစခန္းသို႔ တိုင္ၾကားခဲ့ျခင္းျဖစ္ၿပီး ယင္းသို႔ ေပ်ာက္ဆုံးေနမႈတြင္ ၎အမ်ိဳးသမီးျဖစ္သူအား မသကၤာသျဖင့္ စစ္ေဆးရာတြင္ ယင္းသို႔ေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ပါရွိသည္။

အမ်ိဳးသားျဖစ္သူအား သတ္ျဖတ္ရန္အတြက္လဲ ဇနီး၊ သား၊ ေခၽြးမႏွင့္ မီးေသြးဖုတ္ရာတြင္ ဝိုင္းဝန္းလုပ္ကိုင္သူ ဖိုးေရႊတို႔ႏွင့္အတူ တိုင္ပင္ခဲ့ၿပီး ယင္းသို႔ တိုင္ပင္ၿပီးေနာက္ အတူအလုပ္လုပ္ကိုင္သူ ဦးဖိုးေ႐ႊက ဓားျဖင့္ ခုတ္သတ္ကာ မီးေသြးဖုတ္သည့္ေနရာမွာတင္ ဓာတ္ဆီေလာင္းမီး႐ႈိ႕၍ က်င္းထဲသို႔ ပစ္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကန႔္ဘလူၿမိဳ႕မရဲစခန္း (ပ)၂၃၂/၂၀၂၀၊ ျဖင့္ အထက္ပါ အမႈတြင္ ပါဝင္ပတ္သက္ခဲ့ေသာ ဇနီး၊ သား၊ ေခၽြးမႏွင့္ မီးေသြးဖုတ္ရာတြင္ ဝိုင္းဝန္းလုပ္ကိုင္သူတို႔ကို လူသတ္မႈ အပါအဝင္ အေလာင္းေဖ်ာက္ဖ်က္မႈျဖင့္ အမႈဖြင့္လွစ္ထားလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ ျပန္ထားသည္။

#PeopleMedia

(unicode)
မတရားပြုကျင့်ခြင်းကို မခံနိုင်သဖြင့် ယောကျင်္ားဖြစ်သူကို မိန်းမဖြစ်သူက မိသားစုနှင့် ဝိုင်းဝန်းတိုင်ပင်ကာ သတ်ဖြတ်
………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မတရားပြုကျင့်ခြင်းကို မခံနိုင်သဖြင့် ယောကျင်္ားဖြစ်သူကို မိန်းမဖြစ်သူက မိသားစုနှင့် ဝိုင်းဝန်းတိုင်ပင်ကာ သတ်ဖြတ်မှု စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ လူမှုကွန်ယက်သတင်းစာမျက်နာတွင် ဒီဇင်ဘာ ၁၇ ရက်နေ့ သတင်းထုတ်ထားသည်။

အဆိုပါဖြစ်စဉ်မှာ အစ်ကိုဖြစ်သူပျောက်ဆုံးနေ၍ ညီမဖြစ်သူက ကူညီစုံစမ်းပေးရန် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ပျောက်ဆုံးနေမှုတွင် ၎င်းအမျိုးသမီးဖြစ်သူအား မသင်္ကာသဖြင့် စစ်ဆေးရာတွင် ယင်းသို့ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

အမျိုးသားဖြစ်သူအား သတ်ဖြတ်ရန်အတွက်လဲ ဇနီး၊ သား၊ ချွေးမနှင့် မီးသွေးဖုတ်ရာတွင် ဝိုင်းဝန်းလုပ်ကိုင်သူ ဖိုးရွှေတို့နှင့်အတူ တိုင်ပင်ခဲ့ပြီး ယင်းသို့ တိုင်ပင်ပြီးနောက် အတူအလုပ်လုပ်ကိုင်သူ ဦးဖိုးရွှေက ဓားဖြင့် ခုတ်သတ်ကာ မီးသွေးဖုတ်သည့်နေရာမှာတင် ဓာတ်ဆီလောင်းမီးရှို့၍ ကျင်းထဲသို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မရဲစခန်း (ပ)၂၃၂/၂၀၂၀၊ ဖြင့် အထက်ပါ အမှုတွင် ပါဝင်ပတ်သက်ခဲ့သော ဇနီး၊ သား၊ ချွေးမနှင့် မီးသွေးဖုတ်ရာတွင် ဝိုင်းဝန်းလုပ်ကိုင်သူတို့ကို လူသတ်မှု အပါအဝင် အလောင်းဖျောက်ဖျက်မှုဖြင့် အမှုဖွင့်လှစ်ထားလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ် ပြန်ထားသည်။

#PeopleMedia


Share this post