• Follow Us on

Home မတူပီမြို့နယ်၌ CDF-Matupi အဖွဲ့မှ စနိုက်ပါ ရဲဘော်နှင့် လုံခြုံရေးတပ်ဖွဲ့မှ စနိုက်ပါ တပ်ဖွဲ့ဝင်တို့ ပစ်ခတ်ကြ ရာ လည်ပင်းကျည်ထိမှန်၍ CDF-Matupi အဖွဲ့မှ စနိုက်ပါ ရဲဘော်သေဆုံး

မတူပီမြို့နယ်၌ CDF-Matupi အဖွဲ့မှ စနိုက်ပါ ရဲဘော်နှင့် လုံခြုံရေးတပ်ဖွဲ့မှ စနိုက်ပါ တပ်ဖွဲ့ဝင်တို့ ပစ်ခတ်ကြ ရာ လည်ပင်းကျည်ထိမှန်၍ CDF-Matupi အဖွဲ့မှ စနိုက်ပါ ရဲဘော်သေဆုံး

Share this post

မုံရွာ၊ ဇန်နဝါရီ ၁၈ (People Media)

 

ယနေ့ နံနက် (၁၀း၃၀) အချိန်က ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ ကားလမ်းအနီး၊ ထယ်ဘွေး ကုန်းအနီး၌ CDF-Matupi အဖွဲ့မှ စနိုက်ပါ ရဲဘော်တစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့မှ စနိုက်ပါ တပ်ဖွဲ့ဝင်တို့ ပစ် ခတ်ကြရာ CDF-Matupi အဖွဲ့မှ စနိုက်ပါ ရဲဘော်သည် လည်ပင်းကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း ဒေသခံ မီဒီယာဖြစ်သည် Zalen က ဖော်ပြထားသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် (၁၀း၃၀) အချိန်က မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ ကားလမ်းအနီး၊ ထယ်ဘွေးကုန်း အနီး၌ CDF-Matupi အဖွဲ့မှ စနိုက်ပါ ရဲဘော်တစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့မှ စနိုက်ပါ တပ်ဖွဲ့ဝင်တို့ ပစ်ခတ်ကြရာ CDF-Matupi အဖွဲ့မှ စနိုက်ပါ ရဲဘော်တစ်ဦးသည် လည်ပင်ကျည်ထိမှန်ကာ သေဆုံးခဲ့သည်။

 

ကျည်ထိမှန်၍ သေဆုံးခဲ့သည့် CDF-Matupi အဖွဲ့မှ စနိုက်ပါ ရဲဘော်တစ်ဦးတွင် ဇနီးနှင့် ကလေးသုံးယောက် ကျန်ရစ်ခဲ့ကြောင်း Zalen သတင်းဌာနက ဖော်ပြထားသည်။

 

လက်ရှိအချိန်၌ ချင်းပြည်နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ PDF တို့ တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိနေခြင်း ကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်လျက်ရှိသည်။

 

#PeopleMedia #မတူပီမြို့နယ် #CDFMatupi

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post