• Follow Us on

Home မန္တလေးတိုင်းအတွင်းရှိ (၅)မြို့နယ်ကို စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ်သတ်မှတ်

မန္တလေးတိုင်းအတွင်းရှိ (၅)မြို့နယ်ကို စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ်သတ်မှတ်

Share this post

‍ရန်ကုန်၊ မတ် – ၁၅ (PeopleMedia)

ဆန္ဒပြမှုများ အရှိန်မြင့်တက်လာသည်နှင့် အမျှ မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်အုပ်ချုပ်ရေးအား ကြေငြာမှုများရှိနေသည့်အပြင် ယခုတွင် ထပ်မံကာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၅) နယ်ကို စစ်အုပ်ချုပ်ရေးကြေငြာကြောင်း ထုတ်ပြန်ကြေငြာသည်။

အထက်ပါ စစ်အုပ်ရေးကြေငြာသည့် မြိုနယ် ၅ မြို့နယ်တွင် အောင်မြေသာစံမြို့နယ် ၊ ချမ်းအေးသာဇံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ် ၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်စသည့် မြို့နယ်များဖြစ်ပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ လုပ်ပိုင်ခွင့်အပ်နှင်းကြောင်း ထုတ်ပြန်သည့် စာတွင်ပါဝင်သည်။

ယခုရက်ပိုင်းအတွင်း ဆန္ဒပြမှုများသည် အရှိန်မြင့်လာသည့်အတွက် ရန်ကုန် ၊ မန္တလေး ၊ စစ်ကိုင်းတိုင်းဒေသကြီး သည့် မြို့တယ် ၁၂ ခုအား စစ်အုပ်ချုပ်ရေးအဖြစ်ကြေငြာထားမှုရှိသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများတွင်အကြမ်းဖက်ဖြိုခွင်းမှုများကြောင့်ဖေဖော်ဝါရီ ၆ ရက်နေ့မှ မတ်လ ၁၄ ရက်နေ့အထိ သေဆုံးသူဦးရေ သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ၁၀၀ ကျော်အထိရှိလာပြီဖြစ်သည်။

#PeopleMedia #Martial Law


Share this post