• Follow Us on
Latest News

Home မန္းတြင္ ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည့္ AA လက္နက္ကိုင္အဖြဲ႕အမႈ တရားလိုကို စစ္ေဆး

မန္းတြင္ ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည့္ AA လက္နက္ကိုင္အဖြဲ႕အမႈ တရားလိုကို စစ္ေဆး

Share this post

ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည့္ AA လက္နက္ကိုင္အဖြဲ႕ကို ႏိုဝင္ဘာ ၂၆ ရက္ မြန္းလြဲပိုင္းက ႐ုံးထုတ္ခဲ့ၿပီး တရားလိုျပသက္ေသ ရဲအုပ္ရဲဝင္းကို စစ္ေဆးခဲ့ေၾကာင္းသိရသည္။

စစ္ေဆးမႈတြင္ AA တပ္ဖြဲ႕မွ ဒုရာခံဗိုလ္ ေအာင္လင္းထက္ (ခ) လင္းထက္ (ခ) ေက်ာ္သူရ ၊ဒုတပ္ၾကပ္ ခ်မ္းၿငိမ္း ၊ဒုတပ္ၾကပ္ ျမတ္ခိုင္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည့္ မိုးေက်ာ္ (ခ) ဦးမိုးေက်ာ္ႏွင့္ ဝင္းသိန္း၊ ကားဂိတ္ ဂိတ္မွဴး ေက်ာ္ေက်ာ္ၿဖိဳး (ခ) ကိုၿဖိဳးတို႔ကို ႐ုံးထုတ္ခဲ့ျခင္းျဖစ္ၿပီး တရားလိုျပ သက္ေသတစ္ဦးျဖစ္သူ ရဲအုပ္ရဲဝင္းကို စစ္ေဆးခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ အပတ္႐ုံးခ်ိန္းမွစတင္၍ တရာလိုျပသက္ေသမ်ားကို စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး လာမည့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔႐ုံးခ်ိန္းတြင္လည္း တရားလိုျပသက္ေသတစ္ဦးကို ဆက္လက္စစ္ေဆးသြားမည္ ျဖစ္ေၾကာင္းသိရသည္။

ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္ (၅) ရပ္ကြက္ရွိ လမ္း ၇၀၊ ဒႆနလမ္းရွိ ေနအိမ္တစ္ခုတြင္ အမ်ိဳးသား (၄) ဦးႏွင့္အတူ ေဖာက္ကြဲဖ်က္ဆီးရာတြင္အသုံးျပဳေသာပစၥည္းမ်ားႏွင့္ ဆက္သြယ္ေရးပစၥည္းမ်ားကို စက္တင္ဘာ လ ၁၀ ရက္ေန႔ နံနက္ပိုင္းအခ်ိန္က ဖမ္းဆီးရမိခဲ့သည္။ ထို႔ေနာက္ အမႈႏွင့္ပတ္သက္၍ ေနာက္ထပ္ (၂) ဦး ကို ဆက္လက္ဖမ္းဆီးရမိခဲ့ၿပီး ဖမ္းဆီးရန္ (၃) ဦးက်န္ရွိေနကာ တရားခံေျပးအျဖစ္ သတ္မွတ္ထားေၾကာင္း သိရ သည္။

ဖမ္းဆီးရမိသူမ်ားႏွင့္အတူ သိမ္းဆည္းရမိသည့္ ပစၥည္းမ်ားမွာ THLIRAYA XT-ITTE. Satellite Phone (အသစ္) အလုံး (၄၀)၊ မွန္ေျပာင္း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ္းတုံးဟုယူဆရေသာ အထုပ္(၂၈)ထုပ္၊ ဒီတိုနီတာ ၁၀၀ ထုပ္ပါ (၁၀) ခု၊ ဖေယာင္းေခ်ာင္း (၃၅) ေခ်ာင္း၊ စကၠဴျဖဴ ၁၅ လိပ္ပါ (၃)ထုပ္၊ ယမ္းျဖဴဟုယူဆရေသာ (ဆာလာအိတ္ျဖင့္ထည့္လ်က္) ၅ အိတ္ႏွင့္ စကၠဴညိဳ (၁) ထုပ္တို႔ျဖစ္သည္။

ဖမ္းဆီးရမိသူမ်ားျဖစ္ေသာ AA တပ္ဖြဲ႕မွ ဒုရာခံဗိုလ္ ေအာင္လင္းထက္ (ခ) လင္းထက္ (ခ) ေက်ာ္သူရ ၊ AA တပ္ဖြဲ႕မွ ဒုတပ္ၾကပ္ ခ်မ္းၿငိမ္း ၊ AA တပ္ဖြဲ႕မွ ဒုတပ္ၾကပ္ ျမတ္ခိုင္၊ ေက်ာက္အေရာင္းအဝယ္ လုပ္ကိုင္သည့္ မိုးေက်ာ္ (ခ) ဦးမိုးေက်ာ္ ႏွင့္ ဝင္းသိန္း၊ ကားဂိတ္မွ ဂိတ္မွဴး ေက်ာ္ေက်ာ္ၿဖိဳး (ခ) ကိုၿဖိဳး တို႔ကို အၾကမ္းဖက္ ဥပေဒ ပုဒ္မ ၅၁(ဂ)/၅၂(က) တို႔ျဖင့္ တရား႐ုံးစြဲတင္ စစ္ေဆးေနျခင္းျဖစ္သည္။

တရားခံေျပးသုံးဦးမွာ ၿဖိဳးေဝ (ခ) ကိုၿဖိဳး၊ ေမာင္ေမာင္စိုး ႏွင့္ မဦးသန္းခင္ တို႔ ျဖစ္ၿပီး မႏၲေလးခ႐ိုင္တရား႐ုံး၏ ရာဇဝတ္ အေထြေထြမႈအမွတ္ ၇၄/၂၀၁၉ ျဖင့္ လက္ခံထားၿပီး အမႈႀကီးႏွင့္အတူ ပူးတြဲစစ္ေဆးေနေၾကာင္း သိရသည္။

#PeopleMedia

(Unicode)
မန်းတွင် ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် AAလက်နက်ကိုင်အဖွဲ့အမှု တရားလိုကို စစ်ဆေး
……………………………………………………………

ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် AA လက်နက်ကိုင်အဖွဲ့ကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ရဲအုပ်ရဲဝင်းကို စစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ဆေးမှုတွင် AA တပ်ဖွဲ့မှ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ဒုတပ်ကြပ် ချမ်းငြိမ်း ၊ဒုတပ်ကြပ် မြတ်ခိုင်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မိုးကျော် (ခ) ဦးမိုးကျော်နှင့် ဝင်းသိန်း၊ ကားဂိတ် ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုးတို့ကို ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး တရားလိုပြ သက်သေတစ်ဦးဖြစ်သူ ရဲအုပ်ရဲဝင်းကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အပတ်ရုံးချိန်းမှစတင်၍ တရာလိုပြသက်သေများကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ရုံးချိန်းတွင်လည်း တရားလိုပြသက်သေတစ်ဦးကို ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက်ရှိ လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား (၄) ဦးနှင့်အတူ ဖောက်ကွဲဖျက်ဆီးရာတွင်အသုံးပြုသောပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို စက်တင်ဘာ လ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် အမှုနှင့်ပတ်သက်၍ နောက်ထပ် (၂) ဦး ကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရန် (၃) ဦးကျန်ရှိနေကာ တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း သိရ သည်။

ဖမ်းဆီးရမိသူများနှင့်အတူ သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ဖြစ်သည်။

ဖမ်းဆီးရမိသူများဖြစ်သော AA တပ်ဖွဲ့မှ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် မြတ်ခိုင်၊ ကျောက်အရောင်းအဝယ် လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော် နှင့် ဝင်းသိန်း၊ ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ကို အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၁(ဂ)/၅၂(က) တို့ဖြင့် တရားရုံးစွဲတင် စစ်ဆေးနေခြင်းဖြစ်သည်။

တရားခံပြေးသုံးဦးမှာ ဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုး နှင့် မဦးသန်းခင် တို့ ဖြစ်ပြီး မန္တလေးခရိုင်တရားရုံး၏ ရာဇဝတ် အထွေထွေမှုအမှတ် ၇၄/၂၀၁၉ ဖြင့် လက်ခံထားပြီး အမှုကြီးနှင့်အတူ ပူးတွဲစစ်ဆေးနေကြောင်း သိရသည်။

#PeopleMedia


Share this post