• Follow Us on

Home မန္းမေဟာ္သဓာ အမ်ိဳးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္း တာဝန္ရွိသူမ်ားကို တရားစြဲဆိုထားသည့္ အမႈ တရားလိုအား စစ္ေဆး

မန္းမေဟာ္သဓာ အမ်ိဳးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္း တာဝန္ရွိသူမ်ားကို တရားစြဲဆိုထားသည့္ အမႈ တရားလိုအား စစ္ေဆး

Share this post

ေအာင္ေအာင္

မႏၲေလး၊ ေအာက္တိုဘာ ၁၆

ေျမႏွင့္ အခြန္ေတာ္ဥပေဒျဖင့္ တရားစြဲဆိုျခင္းခံထားရသည့္ မန္းမေဟာ္သဓာ အမ်ိဳးသားေရးကိုယ္ပိုင္ အထက္ တန္းေက်ာင္းမွ တာဝန္ရွိသူမ်ားကို ေအာက္တိုဘာလ ၁၆ ရက္ေန႔က ပုသိမ္ႀကီးၿမိဳ႕နယ္တရားရံုးတြင္ ရံုးထုတ္ ခဲ့ၿပီး တရားလိုျဖစ္သူအား စစ္ေဆးခဲ့သည္။

၄င္းတို႔အား ၁၈၈၉ ခုႏွစ္ အထက္ဗမာျပည္ေျမႏွင့္ အခြန္ေတာ္ဥပေဒ ပုဒ္မ ၆၉ (၂) အရ ပုသိမ္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ေကာ္လိပ္ေတာ္အရာရွိ ဦးညႊန္႔လင္းက တရားစြဲဆိုထားျခင္းျဖစ္သည္။

“ဒီေန႔ တရားလိုျဖစ္သူကို စစ္ေဆးတယ္။ ဒီအဆင့္မွာဆိုရင္ တရားစြဲဆိုတဲ့ အခ်က္မေပၚေပါက္တာကို ေတြ႕ရွိ တယ္။ နစ္နာသူမဟုတ္တဲ့အေၾကာင္းကို ကြၽန္ေတာ့္အေနနဲ႔ စစ္ခဲ့တယ္။” ဟု တရားစြဲဆိုခံထားရသူ ဗိုလ္မွဴး သူရေရႊလွ (ၿငိမ္း) ၏ ေရွ႕ေနတရားလႊတ္ေတာ္ေရွ႕ေန ဦးေဇာ္လြင္ဦးက ေျပာသည္။

ထို႔အျပင္ တရားလိုျဖစ္သူကို မမွန္သက္ေသတင္သြင္းမႈျဖင့္ အေရးယူေပးေရး ၿမိဳ႕နယ္တရားရံုးထံ ဦးတုိက္ ေလ်ာက္တုိင္တန္းထားၿပီး စစ္ေဆးရန္သင့္မသင့္အား ေအာက္တိုဘာလ ၃၀ ရက္ေန႔တြင္ အမိန္႔ခ်သြားမည္ ျဖစ္ေၾကာင္းလည္း ဦးေဇာ္လြင္ဦးကဆိုသည္။

တရားလို၏ ဦးတိုက္ေလွ်ာက္လႊာတြင္ပါသည့္ ပုသိမ္ႀကီးၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီမွ ေဆာင္ရြက္ခ်က္ မွတ္တမ္းဟူသည့္စာတြင္ ကာယကံရွင္မ်ား လက္မွတ္ထိုးထားျခင္းမရွိဘဲ သက္ေသတင္သည့္အတြက္ မမွန္ သက္ေသတင္သြင္းမႈျဖင့္ အေရးယူေပးေရး ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း တရားစြဲဆိုခံထားရသည့္ တရား လႊတ္ေတာ္ေရွ႕ေန ဦးေဇာ္ဝိတ္က ေျပာသည္။

အမႈမ်ားတြင္ မမွန္သက္ေသတင္သြင္းမႈမ်ားေတြ႕ရွိပါက သက္ဆိုင္ရာ တရားသူႀကီးက မမွန္သက္ေသတင္သြင္း သူကို စစ္ေဆးအေရးယူရမည္ျဖစ္ၿပီး တရားၿပိဳင္မ်ား၊ စြပ္စြဲခံရသူမ်ားအေနျဖင့္ တိုင္တန္း အမႈဖြင့္ခြင့္မရွိေသာ္ လည္း ရာဇဝတ္က်င့္ထံုးဥပေဒပုဒ္မ ၄၇၆ အရ ဦးတုိက္ေလ်ာက္ထားခြင့္ရွိသည့္အတြက္ ေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းဦးတိုက္ေလ်ာက္မႈကို စစ္ေဆးႏိုင္ရန္ ရာဇဝတ္အေထြေထြအမႈအမွတ္ ၉၃/၂၀၁၉ အရ လက္ခံထားၿပီး က်ဴးလြန္ေၾကာင္း ထင္ရွားေပၚေပါက္ပါက ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၉၃ အရ အေရးယူခံရမည္ျဖစ္သည္။ မန္း မေဟာ္သဓာ အမ်ိဳးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္းေဆာက္လုပ္မႈအား မႏၲေလးတိုင္းေဒသႀကီး အစိုးရ က ခြင့္ျပဳျခင္းမရွိေသာ္လည္း ဇန္နဝါရီလ ၂၆ ရက္ေန႔က ေက်ာင္းေဆာက္လုပ္ရန္အတြက္ ပႏၷက္ရိုက္ခဲ႔သည္။

မေဟာ္သဓာ အမ်ိဳးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္း (မႏၲေလး)ကို ပုသိမ္ႀကီးၿမိဳ႕နယ္ ေက်ာက္ေခ်ာ ေက်းရြာရွိ ၈ ဧကခန္႔ က်ယ္ဝန္းသည့္ ေျမေပၚတြင္ ေဆာက္လုပ္သြားမည္ျဖစ္ၿပီး လက္ရွိတြင္ အုတ္တံတိုင္း၊ မုခ္ဦးနွင့္ အဝီစီတြင္းတူးျခင္းတို႔ကိုသာ ေဆာင္ရြက္ထားကာ မႏၲေလးတိုင္းေဒသႀကီး အစိုးရအေနျဖင့္ ေဆာက္ လုပ္ခြင့္မရခင္ လုပ္ငန္းရပ္ဆိုင္းထားရန္ စာထုတ္ခဲ့ျခင္းျဖစ္သည္။

မေဟာ္သဓာအမ်ိဳးသားေရး ကိုယ္ပိုင္ အထက္တန္းေက်ာင္း(ရန္ကုန္)ကို ၂၀၁၆ ခုႏွစ္ကလည္းေကာင္း၊ မေဟာ္သဓာအမ်ိဳးသားေရးကိုယ္ပိုင္ အထက္တန္းေက်ာင္း(ေတာင္ကုတ္)ကုိ ၂၀၁၇ ခုႏွစ္ကလည္းေကာင္း ဖြင့္လွစ္ခဲ့ၿပီးျဖစ္သည္။

(unicode)
မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူများကို တရားစွဲဆိုထားသည့် အမှု တရားလိုအား စစ်ဆေး
……………………………………………………………………………..

အောင်အောင်

မန္တလေး၊ အောက်တိုဘာ ၁၆

မြေနှင့် အခွန်တော်ဥပဒေဖြင့် တရားစွဲဆိုခြင်းခံထားရသည့် မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင် အထက် တန်းကျောင်းမှ တာဝန်ရှိသူများကို အောက်တိုဘာလ ၁၆ ရက်နေ့က ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် ရုံးထုတ် ခဲ့ပြီး တရားလိုဖြစ်သူအား စစ်ဆေးခဲ့သည်။

၄င်းတို့အား ၁၈၈၉ ခုနှစ် အထက်ဗမာပြည်မြေနှင့် အခွန်တော်ဥပဒေ ပုဒ်မ ၆၉ (၂) အရ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကော်လိပ်တော်အရာရှိ ဦးညွှန့်လင်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

“ဒီနေ့ တရားလိုဖြစ်သူကို စစ်ဆေးတယ်။ ဒီအဆင့်မှာဆိုရင် တရားစွဲဆိုတဲ့ အချက်မပေါ်ပေါက်တာကို တွေ့ရှိ တယ်။ နစ်နာသူမဟုတ်တဲ့အကြောင်းကို ကျွန်တော့်အနေနဲ့ စစ်ခဲ့တယ်။” ဟု တရားစွဲဆိုခံထားရသူ ဗိုလ်မှူး သူရရွှေလှ (ငြိမ်း) ၏ ရှေ့နေတရားလွှတ်တော်ရှေ့နေ ဦးဇော်လွင်ဦးက ပြောသည်။

ထို့အပြင် တရားလိုဖြစ်သူကို မမှန်သက်သေတင်သွင်းမှုဖြင့် အရေးယူပေးရေး မြို့နယ်တရားရုံးထံ ဦးတိုက် လျောက်တိုင်တန်းထားပြီး စစ်ဆေးရန်သင့်မသင့်အား အောက်တိုဘာလ ၃၀ ရက်နေ့တွင် အမိန့်ချသွားမည် ဖြစ်ကြောင်းလည်း ဦးဇော်လွင်ဦးကဆိုသည်။

တရားလို၏ ဦးတိုက်လျှောက်လွှာတွင်ပါသည့် ပုသိမ်ကြီးမြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ဆောင်ရွက်ချက် မှတ်တမ်းဟူသည့်စာတွင် ကာယကံရှင်များ လက်မှတ်ထိုးထားခြင်းမရှိဘဲ သက်သေတင်သည့်အတွက် မမှန် သက်သေတင်သွင်းမှုဖြင့် အရေးယူပေးရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း တရားစွဲဆိုခံထားရသည့် တရား လွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်က ပြောသည်။

အမှုများတွင် မမှန်သက်သေတင်သွင်းမှုများတွေ့ရှိပါက သက်ဆိုင်ရာ တရားသူကြီးက မမှန်သက်သေတင်သွင်း သူကို စစ်ဆေးအရေးယူရမည်ဖြစ်ပြီး တရားပြိုင်များ၊ စွပ်စွဲခံရသူများအနေဖြင့် တိုင်တန်း အမှုဖွင့်ခွင့်မရှိသော် လည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၇၆ အရ ဦးတိုက်လျောက်ထားခွင့်ရှိသည့်အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဦးတိုက်လျောက်မှုကို စစ်ဆေးနိုင်ရန် ရာဇဝတ်အထွေထွေအမှုအမှတ် ၉၃/၂၀၁၉ အရ လက်ခံထားပြီး ကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၉၃ အရ အရေးယူခံရမည်ဖြစ်သည်။ မန်း မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းဆောက်လုပ်မှုအား မန္တလေးတိုင်းဒေသကြီး အစိုးရ က ခွင့်ပြုခြင်းမရှိသော်လည်း ဇန်နဝါရီလ ၂၆ ရက်နေ့က ကျောင်းဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်ခဲ့သည်။

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း (မန္တလေး)ကို ပုသိမ်ကြီးမြို့နယ် ကျောက်ချော ကျေးရွာရှိ ၈ ဧကခန့် ကျယ်ဝန်းသည့် မြေပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် အုတ်တံတိုင်း၊ မုခ်ဦးနှင့် အဝီစီတွင်းတူးခြင်းတို့ကိုသာ ဆောင်ရွက်ထားကာ မန္တလေးတိုင်းဒေသကြီး အစိုးရအနေဖြင့် ဆောက် လုပ်ခွင့်မရခင် လုပ်ငန်းရပ်ဆိုင်းထားရန် စာထုတ်ခဲ့ခြင်းဖြစ်သည်။

မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်း(ရန်ကုန်)ကို ၂၀၁၆ ခုနှစ်ကလည်းကောင်း၊ မဟော်သဓာအမျိုးသားရေးကိုယ်ပိုင် အထက်တန်းကျောင်း(တောင်ကုတ်)ကို ၂၀၁၇ ခုနှစ်ကလည်းကောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။


Share this post