• Follow Us on
Latest News

Home မန္းေရႊစက္ေတာ္ဘုရားနယ္ေျမအတြင္း ငါးမိုင္းခြဲရာက အမ်ိဳးသားႏွစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိ

မန္းေရႊစက္ေတာ္ဘုရားနယ္ေျမအတြင္း ငါးမိုင္းခြဲရာက အမ်ိဳးသားႏွစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိ

Share this post

မေကြး၊ ဇြန္ – ၃

မေကြးတိုင္းေဒသႀကီး၊ မင္းဘူး(စကုၿမိဳ႕နယ္)ဘုရားေက်းရြာ အေရွ႕ေတာင္ဘက္(၅)ဖာလုံအကြာရွိ မန္းေရႊစက္ ေတာ္ဘုရားနယ္ေျမငွက္ေပ်ာဝအနီးမန္းေခ်ာင္းအတြင္း ငါးမိုင္းခြဲရာက အမ်ိဳးသားႏွစ္ဦး ထိခိုက္ဒဏ္ရာရရွိမႈ ဇြန္လ ၂ ရက္ ညေန ၃ နာရီခြဲအခ်ိန္က ျဖစ္ပြားခဲ့သည္။

ထိခိုက္ဒဏ္ရာရရွိခဲ့သူႏွစ္ဦးအနက္တစ္ဦးက ငါးလွန္႔ရန္အတြက္ ေက်ာက္ခဲေကာက္ေနဆဲအခ်ိန္တြင္ က်န္ တစ္ဦးက လက္လုပ္မိုင္းကိုေခ်ာင္းေရသို႔ ပစ္ခ်ခဲ့ရာ ေရထဲသို႔ မေရာက္ခင္ေပါက္ကြဲခဲ့သျဖင့္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ၾကျခင္းျဖစ္သည္။

၎တို႔ႏွစ္ဦးမွာ ပြင့္ျဖဴၿမိဳ႕နယ္ ဝဲဲေဒါင့္ေက်းရြာေနထိုင္သူ ကိုလင္းလင္းမိုး(၃၇)ႏွစ္ႏွင့္ မင္းဘူး(စကုၿမိဳ႕နယ္) ဘုရား ေက်းရြာေနထိုင္သူ ဘုရားအရံေစာင့္ဝန္ထမ္းေမာင္ဦး(ခ)ေအာင္ေဇာ္ႏိုင္ (၂၅) ႏွစ္တို႔ျဖစ္ေၾကာင္း မန္းေရႊစက္ေတာ္ဘုရား ေဂါပကအဖြဲ႕အတြင္းေရးမွဴး ဦးခင္ေမာင္စိုးထံကသိရသည္။

ေပါက္ကြဲမႈေၾကာင့္ ဘုရားအရံေစာင့္ဝန္ထမ္းေမာင္ဦးတြင္ ယာဘက္ဖေနာင့္ေပါက္ၿပဲဒဏ္ရာမ်ားရရွိခဲ့ၿပီး ကိုလင္းလင္းမိုးမွာ ခႏၶာအႏွံ႔ေပါက္ၿပဲဒဏ္ရာမ်ားရရွိခဲ့ေၾကာင္းသိရသည္။

ထိခိုက္ဒဏ္ရာရရွိခဲ့သူႏွစ္ဦးကို မင္းဘူးေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိထားေၾကာင္းသိရၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ လင္းလင္းမိုးကို(ပ)၁၇၇/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၂၈၆ ျဖင့္ အမႈေရးဖြင့္ထားေၾကာင္း သိရသည္။

သက္ေနာင္(မင္းလွ)

#PeopleMedia #မေကြးတိုင္းေဒသႀကီး

(unicode)
မန်းရွှေစက်တော်ဘုရားနယ်မြေအတွင်း ငါးမိုင်းခွဲရာက အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိ
……………………………………………………

မကွေး၊ ဇွန် – ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကုမြို့နယ်)ဘုရားကျေးရွာ အရှေ့တောင်ဘက်(၅)ဖာလုံအကွာရှိ မန်းရွှေစက် တော်ဘုရားနယ်မြေငှက်ပျောဝအနီးမန်းချောင်းအတွင်း ငါးမိုင်းခွဲရာက အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဇွန်လ ၂ ရက် ညနေ ၃ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူနှစ်ဦးအနက်တစ်ဦးက ငါးလှန့်ရန်အတွက် ကျောက်ခဲကောက်နေဆဲအချိန်တွင် ကျန် တစ်ဦးက လက်လုပ်မိုင်းကိုချောင်းရေသို့ ပစ်ချခဲ့ရာ ရေထဲသို့ မရောက်ခင်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ပွင့်ဖြူမြို့နယ် ဝဲဒေါင့်ကျေးရွာနေထိုင်သူ ကိုလင်းလင်းမိုး(၃၇)နှစ်နှင့် မင်းဘူး(စကုမြို့နယ်) ဘုရား ကျေးရွာနေထိုင်သူ ဘုရားအရံစောင့်ဝန်ထမ်းမောင်ဦး(ခ)အောင်ဇော်နိုင် (၂၅) နှစ်တို့ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်စိုးထံကသိရသည်။

ပေါက်ကွဲမှုကြောင့် ဘုရားအရံစောင့်ဝန်ထမ်းမောင်ဦးတွင် ယာဘက်ဖနောင့်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ကိုလင်းလင်းမိုးမှာ ခန္ဓာအနှံ့ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူနှစ်ဦးကို မင်းဘူးဆေးရုံသို့ ပို့ဆောင်ထားရှိထားကြောင်းသိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ လင်းလင်းမိုးကို(ပ)၁၇၇/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၈၆ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

သက်နောင်(မင်းလှ)

#PeopleMedia #မကွေးတိုင်းဒေသကြီး


Share this post