• Follow Us on

Home မန္း၌ က်င္းပမည့္ NLD ပါတီ စေတကာကားအလွဆင္ၿပိဳင္ပြဲက်င္းပရန္ ျပင္ဆင္ထားမႈ ဖ်က္ဆီးခံရ

မန္း၌ က်င္းပမည့္ NLD ပါတီ စေတကာကားအလွဆင္ၿပိဳင္ပြဲက်င္းပရန္ ျပင္ဆင္ထားမႈ ဖ်က္ဆီးခံရ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၀
 
မႏၲေလးၿမိဳ႕၊ က်ဳံးေတာင္ဘက္ျခမ္းတြင္ NLD ပါတီစေတကာ ကားအလွဆင္ၿပိဳင္ပြဲက်င္းပရန္ ျပင္ဆင္ ထားမႈသည္ ေအာက္တိုဘာ ၂၀ ရက္ နံနက္အေစာပိုင္းတြင္ ဖ်က္ဆီးခံခဲ့ရသည္။
 
အဆိုပါၿပိဳင္ပြဲအား အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကို ေထာက္ခံအားေပးသူ We Love Mandalay အဖြဲ႕မွ ဦးေဆာင္၍ NLD ပါတီကားစေတကာအလွဆင္ၿပိဳင္ပြဲကို ေအာက္တိုဘာ ၂၀ ရက္ေန႔တြင္ က်င္းပနိုင္ရန္ မႏၲ ေလးက်ဳံးေတာင္ဘက္ျခမ္း ၂၆ လမ္း၊ ၇၀ လမ္းၾကားရွိ ၿပိဳင္ပြဲေနရာ ယာယီတဲႏွင့္ ဆိုင္းဘုတ္မ်ားေဆာက္ လုပ္ျပင္ဆင္ထားျခင္းျဖစ္သည္။
 
“မက်င္းပမီအခ်ိန္မွာ အခုလိုျဖစ္သြားတာ ၀မ္းနည္းမိတယ္။ ၿပိဳင္ပြဲကိုေတာ့ ဆက္လက္က်င္းပသြားမွာပါ” ဟု ၿပိဳင္ပြဲက်င္းပေရးေကာ္မတီ၊ သတင္းႏွင့္ျပန္ၾကားေရးတာ၀န္ခံ ဦးေက်ာ္ေက်ာ္ဦးမွ ေျပာသည္။
 
ဆက္လက္ၿပီး ၿပိဳင္ပြဲအတြက္ ျပင္ဆင္ေဆာက္လုပ္ထားသည့္ ယာယီတဲ ၁၃ လုံးႏွင့္ ဆိုင္းဘုတ္မ်ားကို ဖ်က္ဆီး ၍ က်ဳံးအတြင္းသို႔ပစ္ခ်သြားခဲ့ေၾကာင္းလည္း ၄င္းမွေျပာသည္။
 
ထို႔ေနာက္ NLD ကားစေတကာၿပိဳင္ပြဲအား ယေန႔နံနက္ပိုင္းတြင္ ဆက္လက္က်င္းပခဲ့ၿပီး ကားအစီးေရ ၂၇၀ ေက်ာ္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ဆုေၾကးေငြအျဖစ္ ပထမဆု ၁၀ သိန္း၊ ဒုတိယဆု ၅ သိန္းႏွင့္ တတိယဆု ၃ သိန္းအပါအ၀င္ ႏွစ္သိမ့္ဆု ၂၀ ဆုကိုလည္း ေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္သည္။
 
အလားတူ ကားအလွဆင္ၿပိဳင္ပြဲအား ယခင္က ေအာက္တိုဘာ ၁ ရက္တြင္က်င္းပရန္ သတ္မွတ္ထားေသာ္ လည္း COVID-19 ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈကို ကာကြယ္နိုင္ရန္ ေအာက္တိုဘာ ၂၀ ရက္သို႔ ေျပာင္းေရႊ႕က်င္းပရန္ သတ္မွတ္ခဲ့ျခင္းသည္။
 
ေနေသာ္(မန္း)
 
#PeopleMedia #မန္း #NLD
 
(unicode)
မန်း၌ ကျင်းပမည့် NLD ပါတီ စတေကာကားအလှဆင်ပြိုင်ပွဲကျင်းပရန် ပြင်ဆင်ထားမှု ဖျက်ဆီးခံရ
…………………………………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ ၂၀
 
မန္တလေးမြို့၊ ကျုံးတောင်ဘက်ခြမ်းတွင် NLD ပါတီစတေကာ ကားအလှဆင်ပြိုင်ပွဲကျင်းပရန် ပြင်ဆင် ထားမှုသည် အောက်တိုဘာ ၂၀ ရက် နံနက်အစောပိုင်းတွင် ဖျက်ဆီးခံခဲ့ရသည်။
 
အဆိုပါပြိုင်ပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံအားပေးသူ We Love Mandalay အဖွဲ့မှ ဦးဆောင်၍ NLD ပါတီကားစတေကာအလှဆင်ပြိုင်ပွဲကို အောက်တိုဘာ ၂၀ ရက်နေ့တွင် ကျင်းပနိုင်ရန် မန္တ လေးကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း၊ ၇၀ လမ်းကြားရှိ ပြိုင်ပွဲနေရာ ယာယီတဲနှင့် ဆိုင်းဘုတ်များဆောက် လုပ်ပြင်ဆင်ထားခြင်းဖြစ်သည်။
 
“မကျင်းပမီအချိန်မှာ အခုလိုဖြစ်သွားတာ ဝမ်းနည်းမိတယ်။ ပြိုင်ပွဲကိုတော့ ဆက်လက်ကျင်းပသွားမှာပါ” ဟု ပြိုင်ပွဲကျင်းပရေးကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဦးမှ ပြောသည်။
 
ဆက်လက်ပြီး ပြိုင်ပွဲအတွက် ပြင်ဆင်ဆောက်လုပ်ထားသည့် ယာယီတဲ ၁၃ လုံးနှင့် ဆိုင်းဘုတ်များကို ဖျက်ဆီး ၍ ကျုံးအတွင်းသို့ပစ်ချသွားခဲ့ကြောင်းလည်း ၄င်းမှပြောသည်။
 
ထို့နောက် NLD ကားစတေကာပြိုင်ပွဲအား ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပခဲ့ပြီး ကားအစီးရေ ၂၇၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုကြေးငွေအဖြစ် ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၅ သိန်းနှင့် တတိယဆု ၃ သိန်းအပါအဝင် နှစ်သိမ့်ဆု ၂၀ ဆုကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
 
အလားတူ ကားအလှဆင်ပြိုင်ပွဲအား ယခင်က အောက်တိုဘာ ၁ ရက်တွင်ကျင်းပရန် သတ်မှတ်ထားသော် လည်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်ရန် အောက်တိုဘာ ၂၀ ရက်သို့ ပြောင်းရွှေ့ကျင်းပရန် သတ်မှတ်ခဲ့ခြင်းသည်။
 
နေသော်(မန်း)
 
#PeopleMedia #မန်း #NLD

Share this post