• Follow Us on

Home မဘိမ္းၿမိဳ႕နယ္၌ အသက္(၇၅)ႏွစ္ အရြယ္ရွိ အမ်ိဳးသမီးတစ္ဦး အသတ္ခံရ၊ တရားခံ ဖမ္းမမိ

မဘိမ္းၿမိဳ႕နယ္၌ အသက္(၇၅)ႏွစ္ အရြယ္ရွိ အမ်ိဳးသမီးတစ္ဦး အသတ္ခံရ၊ တရားခံ ဖမ္းမမိ

Share this post

မဘိမ္း၊ ၾသဂုတ္ ၃၁

ရွမ္းျပည္နယ္ေျမာက္ပိုင္း မဘိမ္းၿမိဳ႕နယ္၌ ၾသဂုတ္လ ၃၀ ရက္ေန႕က အသက္ (၇၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီး တစ္ဦး အသတ္ခံရရျပီး တရားခံ ဖမ္းမိေသးေၾကာင္း မဘိန္းၿမိဳ႕မရဲစန္းက အတည္ျပဳသည္။

ေသဆုံးသူမွာ မဘိမ္းၿမိဳ႕နယ္၊ စီပိန္းေက်း႐ြာေန ေဒၚအုန္းတင္ဆိုသူျဖစ္ၿပီး ၄င္း၏ ေနအိမ္အတြင္း ဦးေခါင္းကို ထင္းေခ်ာင္း (သို႔) တုတ္ျဖင့္ အရိုက္ခံရ၍ ေသဆုံးျခင္းျဖစ္သည္။

အခင္းျဖစ္ပြားရာသို႔ မဘိမ္းၿမိဳ႕မရဲစခန္းမွ ဒုရဲမႉးၫႊန႔္ေထြးႏွင့္ အဖြဲ႕ က သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ရာ ေသဆုံး သူမွာ ၎၏ေနအိမ္အေရွ႕ ဘုရားခန္းအတြင္းရွိ ၎၏ အိပ္ယာေပၚတြင္ တစ္ေစာင္းအေနအထားျဖင့္ ဦးေခါင္း ဝဲဘက္ေပါက္ၿပဲဒဏ္ရာ (၁)ခ်က္၊ ဝဲဂ်ိဳေစာင္း ကြဲထြက္ဒဏ္ရာ (၁)ခ်က္၊ ေနာက္ေစ့ဖူးေရာင္ဒဏ္ရာ(၁)ခ်က္၊ ယာနာ႐ြက္ေနာက္ ေပါက္ၿပဲဒဏ္ရာ (၁)ခ်က္၊ ဝဲမ်က္ကြင္းညိုမဲဒ ဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရေၾကာင္း ရဲမွတ္တမ္း၌ ေဖာ္ျပထားသည္။

ထို႔အျပင္ အခင္းျဖစ္ေနအိမ္ အေရွ႕ၿခံဝင္းအတြင္းတံခါးဝရွိ ျမက္ခင္းေပၚတြင္ အခင္းျဖစ္စဥ္က အသုံးျပဳခဲ့သည့္ ထင္းေခ်ာင္းဟု ယူဆရသည့္ ထင္းေခ်ာင္း(၁)ေခ်ာင္းအား ေတြ႕ရွိသျဖင့္ သက္ေသမ်ားေရွ႕တြင္ ရွာေဖြပုံစံျဖင့္ သိမ္းဆည္းခဲ့သည္။

အဆိုပါ အသက္ ၇၅ႏွစ္အ႐ြယ္ အမ်ိဳးသမီး ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး ေသဆုံးသူ၏ ေျမးျဖစ္သူ ဦးဝင္းမင္းမ်ိဳးမွ တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ မဘိမ္းၿမိဳ႕မရဲစခန္းက (ပ)၆၃/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၂၀ ျဖင့္ အမႈဖြင့္လွစ္ကာ တရားခံအား ဖမ္းဆီးရမိေရး ေဆာင္႐ြက္လွ်က္ရွိသည္။

ၿဖိဳးၿဖိဳး(EPN)

#PeopleMedia #မဘိမ္း

(unicode)
မဘိမ်းမြို့နယ်၌ အသက်(၇၅)နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံရ၊ တရားခံ ဖမ်းမမိ
……………………………………………

မဘိမ်း၊ ဩဂုတ် ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်၌ ဩဂုတ်လ ၃၀ ရက်နေ့က အသက် (၇၅)နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး အသတ်ခံရရပြီး တရားခံ ဖမ်းမိသေးကြောင်း မဘိန်းမြို့မရဲစန်းက အတည်ပြုသည်။

သေဆုံးသူမှာ မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာနေ ဒေါ်အုန်းတင်ဆိုသူဖြစ်ပြီး ၄င်း၏ နေအိမ်အတွင်း ဦးခေါင်းကို ထင်းချောင်း (သို့) တုတ်ဖြင့် အရိုက်ခံရ၍ သေဆုံးခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာသို့ မဘိမ်းမြို့မရဲစခန်းမှ ဒုရဲမှူးညွှန့်ထွေးနှင့် အဖွဲ့ က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သေဆုံး သူမှာ ၎င်း၏နေအိမ်အရှေ့ ဘုရားခန်းအတွင်းရှိ ၎င်း၏ အိပ်ယာပေါ်တွင် တစ်စောင်းအနေအထားဖြင့် ဦးခေါင်း ဝဲဘက်ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ဝဲဂျိုစောင်း ကွဲထွက်ဒဏ်ရာ (၁)ချက်၊ နောက်စေ့ဖူးရောင်ဒဏ်ရာ(၁)ချက်၊ ယာနာရွက်နောက် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ဝဲမျက်ကွင်းညိုမဲဒ ဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

ထို့အပြင် အခင်းဖြစ်နေအိမ် အရှေ့ခြံဝင်းအတွင်းတံခါးဝရှိ မြက်ခင်းပေါ်တွင် အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် ထင်းချောင်းဟု ယူဆရသည့် ထင်းချောင်း(၁)ချောင်းအား တွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

အဆိုပါ အသက် ၇၅နှစ်အရွယ် အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်ပြီး သေဆုံးသူ၏ မြေးဖြစ်သူ ဦးဝင်းမင်းမျိုးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မဘိမ်းမြို့မရဲစခန်းက (ပ)၆၃/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၂၀ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိသည်။

ဖြိုးဖြိုး(EPN)

#PeopleMedia #မဘိမ်း


Share this post