• Follow Us on
Latest News

Home မဘိမ်းမြို့၌ အသက်(၇၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်၌ ကျူးလွန်သူကို ဖမ်းမိ


Share this post

မဘိမ်း၊ စက်တင်ဘာ

ရှမ်းပြည်နယ်၊ မြောက်ပိုင်းမဘိမ်းမြို့နယ်အတွင်းရှိအသက် (၇၅)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်၌ ကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲကြောင်း မဘိမ်းမြို့မစခန်းက အတည်ပြုသည်။


ဖြစ်စဉ်မှာ သြဂုတ် ၂၉ ရက်နေ့ ည ၁၀ နာရီချိန်ခန့်က နေအိမ်မှလယ်တေားသို့ ညအိပ်သွားရန်အိမ်နီးနားချင်း ဖြစ်သည့် သေဆုံးသူ ဒေါ်အုန်းတင်၏နေအိမ်ခြံဝန်းအတွင်းဖြတ်သန်းသွားလာစဉ်သေဆုံးသူမှ “အချိန်အခါမရှိ ငါ့အိမ်ဝန်းထဲကကျော်ကျော်ဖြတ်နေတယ် ခွေးလောက်မှတန်ဖိုးမရှိဘူး” ဟုပြောဆိုကာ ထင်းချောင်းဖြင့် ၎င်းအားပစ်ပေါက်ခဲ့သဖြင့် ထွန်းကျော်စွာအောင်(ခ)ဂျပုမှ ၎င်းအားပစ်ပေါက်လိုက်သည့် ထင်းချောင်းအားေ ကာက်ယူကာ ဒေါ်အုန်းတင်၏ ဦးခေါင်းအား(၅)ချက်ရိုက်နှက်ခဲ့ပြီး၊ သွေးများထွက်ပြီး မြေပေါ်သို့ လှဲကျသွားခဲ့၍ ၎င်းမှပွေ့ချီကာနေအိမ်ပေါ်ရှိ အိပ်ယာပေါ်တွင်ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သည်။



#PeopleMedia

(unicode)
မဘိမ်းမြို့၌ အသက်(၇၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်၌ ကျူးလွန်သူကို ဖမ်းမိ
…………………………………………

မဘိမ်း၊ စက်တင်ဘာ

ရှမ်းပြည်နယ်၊ မြောက်ပိုင်းမဘ်ိမ်းမြို့နယ်အတွင်းရှိအသက် (၇၅)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်၌ ကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲကြောင်း မဘိမ်းမြို့မစခန်းက အတည်ပြုသည်။

ထိုလူသတ်မှုကို မဘိမ်းမြို့မရဲစခန်းမှ ဒုရဲမှူးရဲညွန့်ထွေးနှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြင့်ကျော်ဦးတို့ ဦးစီးအဖွဲ့သည် စီပိန်းကျေးရွာ အုပ်စုအတွင်းစုံစမ်းရာ ထွန်းကျော်စွာအောင်(ခ)ဂျပု(၂၀)နှစ် မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာနေသူအား မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးမေးမြန်းရာမှ တရာခံဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၉ ရက်နေ့ ည ၁၀ နာရီချိန်ခန့်က နေအိမ်မှလယ်တေားသို့ ညအိပ်သွားရန်အိမ်နီးနားချင်း ဖြစ်သည့် သေဆုံးသူ ဒေါ်အုန်းတင်၏နေအိမ်ခြံဝန်းအတွင်းဖြတ်သန်းသွားလာစဉ်သေဆုံးသူမှ “အချိန်အခါမရှိ ငါ့အိမ်ဝန်းထဲကကျော်ကျော်ဖြတ်နေတယ် ခွေးလောက်မှတန်ဖိုးမရှိဘူး” ဟုပြောဆိုကာ ထင်းချောင်းဖြင့် ၎င်းအားပစ်ပေါက်ခဲ့သဖြင့် ထွန်းကျော်စွာအောင်(ခ)ဂျပုမှ ၎င်းအားပစ်ပေါက်လိုက်သည့် ထင်းချောင်းအား ေကာက်ယူကာ ဒေါ်အုန်းတင်၏ ဦးခေါင်းအား(၅)ချက်ရိုက်နှက်ခဲ့ပြီး၊ သွေးများထွက်ပြီး မြေပေါ်သို့ လှဲကျသွားခဲ့၍ ၎င်းမှပွေ့ချီကာနေအိမ်ပေါ်ရှိ အိပ်ယာပေါ်တွင်ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သည်။

အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်ပြီး၊ မဘိမ်းမြို့နယ် စီပိန်းကျေးရွာနေသူ တရားခံ ထွန်းကျော်စွာအောင်(ခ)ဂျပု(၂၀) နှစ်အား (ပ)၆၃/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ၃၂၀ဖြင့် မဘိမ်းမြို့မရဲစခန်းတွင်ဖမ်းဆီး ထားကြောင်းသိရသည်။

ဖြိုးဖြိုး(အီးပီအန်) #PeopleMedia #မဘိမ်း

#PeopleMedia


Share this post