• Follow Us on

Home မဘိမ်းမြို့နယ်တွင် တရားမဝင်ကျွန်းသစ်ကား နှစ်စီးဖမ်းဆီးရမိ

မဘိမ်းမြို့နယ်တွင် တရားမဝင်ကျွန်းသစ်ကား နှစ်စီးဖမ်းဆီးရမိ

Share this post

မဘိမ်း၊ ဒီဇင်ဘာ ၂၅
ရှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ စီပိန်းနှင့် တုံကွာ ကြားရေကျော်အနီးတွင် တရားမဝင် ကျွန်းသစ်ကား(၂)စီး ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ သစ်ကားများကို မိုးမိတ်အခြေချ စစ်ဗျူဟာ အဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ဒီဇင်ဘာလ ၂၄ ရက် နံနက် ၃ နာရီအချိန်ခန့်က စီပိန်းကျေးရွာဘက်မှ တုံကွာ ကျေးရွာဘက်သို့ မောင်းနှင်လာသည့် ယာဉ် (၂)စီးအား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဟိန်းထက် ၂၄ နှစ်၊ မောင်းနှင်လာသည့် နံပါတ်မပါ ယမ်းဖောင် (Yanan) အမျိုးအစားအစိမ်းရောင် (၆) ဘီးယာဉ်ပေါ်တွင် တရားမဝင် ကျွန်းသစ်လုံး ဆိုဒ်စုံ (၃၇)၊ (၅.၉၀၄)တန်၊ ကျွန်းသစ်လုံး (၁)တန်လျှင် ဒေသပေါက်ဈေး (၂၅၀၀၀၀)ကျပ်နှုန်းဖြင့် ကျွန်းသစ်တန်ဖိုးငွေ (၁၄၇၆၀၀၀) ကျပ်တို့နှင့် ထက်ကောင်းစံ၊ ၂၅ နှစ် ယာဉ်မောင်း၊ ခိုတာကျေးရွာ၊ မဘိမ်းမြို့နယ်မောင်းနှင်လာသည့် နံပါတ်မပါ အက်ဇူး (ISUZU)အမျိုးအစား (အပြာရောင်)၊ (၆)ဘီးယာဉ်၊ လိုင်စင် စိစစ်ဆဲပေါ်တွင် တရားမဝင် ကျွန်းသစ်လုံး ဆိုဒ်စုံ(၂၅)လုံး၊(၄.၉၉၆) တန်၊ ကျွန်းသစ်လုံး (၁) တန်လျှင် ဒေသပေါက်ဈေး (၂၅၀၀၀၀) ကျပ်နှုန်းဖြင့် ကျွန်းသစ်တန်ဖိုးငွေ (၁၂၄၉၀၀၀)ကျပ်၊စုစုပေါင်း တရားမဝင်ကျွန်းသစ် (၆၂) လုံး၊ (၁၀.၉)တန်၊စုစုပေါင်းကျွန်းသစ် တန်ဖိုးငွေ (၂၇၂၅၀၀၀) ကျပ်ခန့် တို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားမဝင် ကျွန်းသစ်များအား ကားဖြင့် သယ်ဆောင်လာကြတဲ့ ဟိန်းထက် ၂၄နှစ်၊ ကုန်းခါးရပ်ကွက်၊ မဘိမ်းမြို့နေသူနှင့် ထက်ကောင်းစံ၊၂၅ နှစ်၊ ခိုသာကျေးရွာ၊ မဘိမ်းမြို့နေသူတို့ (၂)ဦးအား မဘိမ်းမြို့မစခန်းက (ပ)၉၁/၂၀၂၀၊ သစ်တောဥပဒေ ပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်၊စစ်ဆေးလျှက်ရှိသည်။
ဖြိုးဖြိုး
#PeopleMedia
(unicode)
…………………………
#PeopleMedia


Share this post