• Follow Us on
Latest News

Home မရမ်းကုန်းမြို့နယ်ရှိ ဗဟိုကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းမှ သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ဆေးဝါးများ အခိုးခံရ၊ ကျူးလွန်သူ (၆) ဦး ဖမ်းမိ

မရမ်းကုန်းမြို့နယ်ရှိ ဗဟိုကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းမှ သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ဆေးဝါးများ အခိုးခံရ၊ ကျူးလွန်သူ (၆) ဦး ဖမ်းမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ ဗဟိုကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းအတွင်းမှ သိန်း ၄၀၀ကျော် တန်ဖိုးရှိဆေးဝါးများ အခိုးခံရကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဗဟို ကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းအတွင်းထားရှိသော ရေခဲသေတ္တာအမှတ် BC 2 အတွင်းမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဖြူးထားခြင်း လုံးဝမရှိသေးသော သားအိမ်ခေါင်းကင်ဆာ ကာ ကွယ် ဆေးပုလင်းပေါင်း(၁၉၀,၅၅၂)ပုလင်းအနက် (၅၈၁၀) ပုလင်းနှင့် အသည်းရောင် အသားဝါ B ကာကွယ် ဆေး (၄၈၀)လုံး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး(၇၀၀)လုံး စုစုပေါင်းတန်ဖိုး (၄၆,၀၈၁,၇၆၈) ကျပ်မှာ ပျောက်ဆုံးနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး အအေးခန်းမှ ဦးစီးအရာရှိက ခိုး ယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့က ဆေးပစ္စည်းအရောင်းဆိုင်များအား လိုက်လံစုံစမ်းခဲ့ရာ ပန်းဘဲတန်းမြို့နယ်၊ (၄)ရပ်ကွက်၊ (၂၇/အပေါ်)လမ်း၊ တိုက်(၂၀၂)၊ (ပ)ထပ်နေ တင်အေး (ခ) မိုဟာမတ်အီ လီယက် (ခ)တင်လှ၏ ဆေးဆိုင်တွင် ရောင်းချကြောင်း စုံစမ်းသိရှိရသဖြင့် .၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တင်အေး (ခ)မိုဟာမတ်အီလီယက် (ခ) တင်လှ၏ ဆေးဆိုင်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ Lot No – T013330 ပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (၆၄၃)လုံး သိမ်းဆည်း ရမိခဲ့သည်။

တင်အေး (ခ) မိုဟာမတ်အီလီယက်(ခ)တင်လှအား စစ်မေးရာ သာကေတမြို့နယ်၊ ရှုခင်းသာအိမ်ယာနေ စိုးမြင့် (ခ) စလိုဒါဂျူးက လာရောက်ရောင်းချခြင်းဖြစ်ကြောင်း ထွက်ဆိုချက်အရ စိုးမြင့်(ခ)စလိုဒါဂျူးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးရာ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပန်းပင်ချောင်ရပ်ကွက်၊ သစ်ခွမြိုင်လမ်း၊ အမှတ်(၅၇)နေ ဝဏ္ဏထွန်းက ရောင်းခိုင်းခြင်း ဖြစ်ကြောင်း ထွက်ဆို စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဝဏ္ဏထွန်းပါ (၃)ဦးအား အမှုဖြင့်ဖမ်းဆီးပြီး တိုက်ဆိုင်စစ်ဆေးရာ ဝဏ္ဏထွန်းက Lot No – T013330 ပါ သား အိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (၅၈၁၀)လုံး၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး၊ ပြင်းထန်အ ဆုတ်ရောင် ကာကွယ်ဆေးတို့အား ခိုးယူပြီး စိုးမြင့်(ခ)စလိုဒါဂျူးအား ရောင်းချခိုင်းခြင်း ဖြစ်ကြောင်း၊ စိုးမြင့် (ခ)စလိုဒါဂျူး က သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများအား ဆေးဝါးရောင်းချသူ တင်အေး (ခ) မိုဟာ မတ်အီလီယက် (ခ) တင်လှ၊ သန်းထွန်း (ခ) အီမရမ်း (ခ) စာကလေး၊ အောင်နေဦးနှင့် စလင်းတို့ထံ ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ ပျောက်ဆုံး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (၅၅၁၃)လုံး၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး (၄၈၀)လုံး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး (၇၀၀) လုံး အား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ ဝဏ္ဏထွန်းပါ (၆)ဦးကို ဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ယနေ့ သတင်းထုတ်ပြန်ထားသည်။

ရာဇ

#PeopleMedia #ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့

(unicode)
…………………………………………………………










Share this post