• Follow Us on

Home မရမ်းကုန်းမြို့နယ်ရှိ Brave Bar ဆိုင်အတွင်းရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီး

မရမ်းကုန်းမြို့နယ်ရှိ Brave Bar ဆိုင်အတွင်းရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် Brave Bar ကို အောက်တိုဘာ ၇ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်က ဆိုင်အတွင်းရှိ အမျိုးသားနှင့် အမျိုးသမီးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

“ဝင်ဖမ်းတာတော့ဟုတ်ပါတယ်။ လူဘယ်နှစ်ယောက်ပါသွားလည်းဆိုတာတော့ အတိအကျမသိဘူး။ သူတို့နဲ့ လည်း အဆက်အသွယ်မရသေးဘူး” လို့ Brave Bar မှ တာဝန်ရှိသူတစ်ဦးက People Media သို့ ပြောသည်။

 

အဆိုပါ Bar ဆိုင်မှာ လူငယ်များ နေ့စဉ်ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေလျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်နေမှု ကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့တုန်းကလည်း ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးရာတွင် အမျိုးသား၊ အမျိုးသမီးများ ဖမ်းဆီးခံခဲ့ရသော်လည်း လူဦးရေ အတိအကျကို People Media က အတည်ပြု၍ မရသေးပေ။

 

#PeopleMedia #BraveBar

 

(unicode)


………………………………………………………………………

 


 


 


 


 


 

#PeopleMedia #BraveBar


Share this post