• Follow Us on

Home မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ရွှေကမ္ဘာအိမ်ယာရှိ KBZ ဘဏ် ATM စက် အဆောက်အအုံအတွင်း၌ ဗုံးပေါက်ကွဲ

မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ရွှေကမ္ဘာအိမ်ယာရှိ KBZ ဘဏ် ATM စက် အဆောက်အအုံအတွင်း၌ ဗုံးပေါက်ကွဲ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ယာရှိ KBZ ဘဏ် ATM စက် အဆောက်အအုံအတွင်း၌ ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ယင်းရပ်ကွက်နေ ထိုင်သူများက အတည်ပြုပြောဆိုပါတယ်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပက်သက်ပြီး လုံခြုံရေးအရာရှိ တစ်ချို့ထံ People Media က ဆက်သွယ်မေးမြန်းခဲ့ သော်လည်း အတိအကျမသိရှိသေးပဲ မေးမြန်နေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

ATM စက် အဆောက်အအုံအတွင်း၌ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူရှိမရှိကိုတော့ အတည်မပြုနိုင် သော်လည်း ATM စက်မှာတော့ ထိခိုက်ပျက်စီးမှုများကြောင်း သိရပါတယ်။

 

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကို သီးခြားအတည်ပြုချက်ရရှိနိုင်ရန် People Media က သက်ဆိုင်ရာ တာဝန်ရှိသူ များထံ မေးမြန်းလျက်ရှိပါတယ်။

 

Photo – credit

 

#PeopleMedia #KBZ #ATM

 

(unicode)


…………………………………………………………….

 


 


 


 


 


 

Photo – credit

 

#PeopleMedia #KBZ #ATM


Share this post