• Follow Us on

Home မလှိုင်မြို့၌ ကွမ်းယာဝယ်နေသည့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

မလှိုင်မြို့၌ ကွမ်းယာဝယ်နေသည့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

မန္တလေး၊ ဇန်နဝါရီ ၁၈ (People Media)

 

ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ မလှိုင်-မြင်းခြံ ကားဂိတ်၌ ရာအိမ်မှူး တစ်ဦးသည် ကွမ်းယာဝယ်နေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ မလှိုင်မြို့၊ အမှတ် ၁၀ ရပ်ကွက်၊ ရာအိမ်မှူး ဦးမာသည် မလှိုင်-မြင်းခြံ ကားဂိတ်တွင် ကွမ်းယာဝယ်ယူ နေစဉ် အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လုပ်ကြံခဲ့ခြင်းဖြစ်သည်။

 

“ဆိုင်ကယ်ပေါ်ကနေပြီးတော့ ပစ်သွားတာ ကွမ်းယာဝယ်တဲ့သူတွေရော ကွမ်းယာရောင်းတဲ့သူတွေရော ဒဏ်ရာ ရတယ်။ အမှတ် ၁၀ ရပ်ကွက် ရာအိမ်မှူး ဦးမာကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်။ ကျန်နှစ်ယောက်က တော့ စိုးရိမ်စရာ အနေအထားမရှိပါဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

 

ယခုရက်ပိုင်းအတွင်း၌ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အများပြည်သူများသည် လုပ်ကြံခံရ၍ သေဆုံးလျက်ရှိသည်။

 

Photo – Credit (ပုံဟောင်း အသုံးပြုထားသည်)

 

#PeopleMedia #မလှိုင်မြို့ #ရာအိမ်မှူး

 

(unicode)


……………………………………………………

 

မန်တလေး၊ ဇနျနဝါရီ ၁၈ (People Media)

 


 


 


 


 


 



Share this post