• Follow Us on

Home မြောက်ဦးမြို့၌ ဆရာတော် ၁ ပါး ဓားဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီး ပျံလွန်တော်မူ

မြောက်ဦးမြို့၌ ဆရာတော် ၁ ပါး ဓားဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီး ပျံလွန်တော်မူ

Share this post

စစ်တွေ၊ အောက်တိုဘာ ၁၁ (People Media)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လေးမျက်နှာဘုရားမြောက်ဘက်ရှိ မုတ်ဆိတ်တောင်စေတီလမ်း၌ ဆရာတော် တစ်ပါးသည် ဓါးဖြင့် လုပ်ကြံခံရပြီး ပျံလွန်တော်မူခဲ့ပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၀ ရက် ညနေ ၃ နာရီခန့်၌ မြောက်ဦးမြို့၊ ညောင်ပင်ဈေးရပ်ကွက်၊ လေးမျက် နှာဘုရားမြောက်ဘက်ရှိ မုတ်ဆိတ်တောင်စေတီလမ်းတွင် ဆရာတော်သည် ဓါးဖြင့်လုပ်ကြံခံရပြီး နေရာ၌ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပါတယ်။
“ဆရာတော်ဘုရားက ဓားနဲ့ ၉ ချက်အထိုးခံရတယ်။ ဆရာတော်ဘုရားက သိမ်မှာ စကားပြောပြီးတော့ သီ တင်းသုံးနေတဲ့ကျောင်းကို ပြန်တာ။ ဆရာတော်ကို ဓားနဲ့ ၉ ချက်နဲ့ ထိုးသွားတယ်။ အဲဒီဒဏ်ရာတွေက ဗိုက်နဲ့ ရင်ဘက်မှာ အထိုးခံရတာ” လို့ ပျံလွန်တော်မူသည့် ဆရာတော်၏ မယ်တော်က People Media ကို ပြောပါ တယ်။
အဆိုပါ လုပ်ကြံသတ်ဖြတ်ခံရသည့် ဆရာတော်မှာ သက်တော် ၄၇ နှစ်ရှိပြီး ယခင်ရွာဟောင်းတောကျောင်းတွင် သီတင်းသုံးနေသည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း သိရပါတယ်။
Photo – credit
(unicode)
…………………………………………………………………………….
Photo – credit

Share this post