• Follow Us on

Home မဟနဆရာတော်ကြီးများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်းအေး(ငြိမ်း)၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(ငြိမ်း)မိသားစု အပါအဝင် တပ်မတော်ခေါင်းဆောင်(ငြိမ်း)များမှ နေ့ဆွမ်းလှူ


Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၂၁




Photo – မဟန

(Unicode)
မဟနဆရာတော်ကြီးများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်းအေး(ငြိမ်း)၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(ငြိမ်း)မိသားစု အပါအဝင် တပ်မတော်ခေါင်းဆောင်(ငြိမ်း)များမှ နေ့ဆွမ်းလှူ
………………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၂၁

နိုင်ငံတော်သံဃမဟာဆရာတော်ကြီးများအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင် အေး(ငြိမ်း)၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(ငြိမ်း)မိသားစု အပါအဝင် တပ်မတော်ခေါင်းဆောင်(ငြိမ်း)များမှ နေ့ဆွမ်းလှူဒါန်းခဲ့သည်။

ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေ၌ ကျင်းပသည့်အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ တတိယအစည်းအဝေး ပထမနေ့ကျင်းပတွင် နိုင်ငံတော်သမ္မတ(ငြိမ်း)မိသားစု အပါအဝင် ဗိုလ်ချုပ်မှူးကြီးသန်း ရွှေ(ငြိမ်း)နှင့်တပ်မတော်အရာရှိ(ငြိမ်း)များ မိသားစုများက နေ့ဆွမ်းလှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား နေ့ဆွမ်း အလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နှင့် ဇနီးဒေါ်ကြိုင်ကြိုင်မိသားစု၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း)နှင့် ဇနီးဒေါ်မြမြစန်းမိသားစု၊ (မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး)(ငြိမ်း)နှင့် ဇနီးဒေါ်ခင်သန်းနွဲ့မိသားစု၊ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ နိုင်ငံတော်သမ္မတဦးသိန်းစိန်(ငြိမ်း) နှင့် ဇနီးဒေါ်ခင်ခင်ဝင်းမိသားစု၊ မဟာသရေစည်သူ ဗိုလ်ချုပ်ကြီးစိုးဝင်း(ငြိမ်း)နှင့်ဇနီး ဒေါ်သန်းသန်းနွဲ့မိသားစု၊ မဟာသရေစည်သူ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေး(ငြိမ်း)နှင့်ဇနီး(ဒေါ်ကြည်ကြည်အုံး)မိသားစု၊ ဇေယျကျော်ထင် ဗိုလ်ချုပ် တင်ငွေ(ငြိမ်း)ဇနီးဒေါ်နန်းခင်လှဝင်းမိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း (ငြိမ်း)နှင့် ဇနီးဒေါ်မာလာတင့်မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး(ငြိမ်း)နှင့်ဇနီး ဒေါ်ခင်နှင်းဝေမိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို(ငြိမ်း)နှင့်ဇနီး ဒေါ်ခင်လေးမြင့်မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း(ငြိမ်း)နှင့်ဇနီး(ဒေါ်စမ်းစမ်းရီ)မိသားစုနှင့် မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း)နှင့် ဇနီး ဒေါက်တာ ဒေါ်တင်လင်းမြင့် မိသားစုတို့က ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

Photo – မဟန


Share this post